Sports: မိမိဘာသာ ရာထူးက နုတ်ထွက်မည်ဟု မန်ယူနည်းပြ ဗန်ဟားလ်ပြော

, updated

ငါးပွဲဆက် နိုင်ပွဲပျောက်သွားပြီးတဲ့နောက် နည်းပြဗန်ဟားလ်နဲ့ မန်ယူလမ်းခွဲဖို့က တစ်စထက်တစ်စ ပိုပြီးနီးကပ်လာပါပြီ။

play

 

စတုတ်စီးတီး ရှုံးသွားတဲ့ ပွဲအပြီးမှာ မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က အသင်းနဲ့လမ်းခွဲဖို့စကားကို

အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ တကယ်လို့ အခြေအနေတွေသာ ဆက်ပြီးဆိုးရွားနေမယ်ဆိုရင် မိမိဘာသာ နုတ်ထွက်သွားနိုင်တယ်လို့ နည်းပြဗန်ဟားလ်က ပြောလိုက်တာပါ။

အရင်ရက်တွေ နည်းပြဗန်ဟားလ်ကို စတုတ်စီးတီးနဲ့ ချယ်လ်ဆီးပွဲစဉ်တွေမှာ စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ သတင်းထွက်ခဲ့ပြီး အခုတော့ စတုတ်စီးတီးကို ရှုံးသွားခဲ့ပြန်ပါပြီ။ ဒါဟာ မန်ယူအတွက် လေးပွဲဆက် ပရီးမီးယားလိဂ်အရှုံးလည်း ဖြစ်သွားပါတယ်။

play

 

“လိုအပ်ရင် ကျွန်တော်ကိုယ်တိုင် ရာထူးက နုတ်ထွက်သွားလို့ ရတာပါ။ ဒါပေမဲ့ ကျွန်တော်ဝုဒ်ဝက်(အသင်းဒုတိယဥက္ကဋ္ဌ) နဲ့ စကားပြောဦးမှာပါ။ ပြီးရင် အသင်းသားတွေနဲ့ စကားပြောမယ်။ ကျွန်တော်ဘာပြောမှာလဲ ဆိုတာကိုတော့ ခင်ဗျားတို့ကို ပြောစရာ မလိုပါဘူး” လို့ ဗန်ဟားလ်က ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

လာမယ့်တစ်ပတ် ချယ်လ်ဆီးနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ဘူးဆိုရင်တော့ နည်းပြဗန်ဟားလ် ရာထူးက အထုတ်ခံရဖို့ ကျိမ်းသေသလောက် ရှိသွားမှာ ဖြစ်ပါတယ်။


Source : guardian

Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ