Sports: နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် အရှုံးရသွားရတဲ့ မန်ယူ

, updated

အမှတ်ပေးပြိုင်ပွဲမှာ မန်ယူက လေးပွဲဆက် ရှုံးတာမျိုးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်း တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးပါဘူး။

play

 

နည်းပြလူးဝစ္စဗန်ဟားလ်လက်ထက်မှာ မန်ယူအသင်းက နှစ်ပါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ရလဒ်ကို ရင်ဆိုင်လိုက်ရပြီ ဖြစ်ပါတယ်။ ဖာဂူဆန်နေရာကို ဆက်ခံခဲ့ပြီး တစ်ရာသီမပြည့်ခင်မှာ အထုတ်ခံခဲ့ရတဲ့ နည်းပြဒေးဗစ်မိုယက်စ်ထက်တောင် ဗန်ဟားလ်လက်ထက်မှာ ရလဒ်တွေက ဆိုးရွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးနေ့ ပွဲစဉ်မှာ မန်ယူအသင်းက စတုတ်စီးတီးကို ရှုံးပြီးနောက် ပရီးမီးယားလိဂ်မှာ လေးပွဲဆက်တိုက် ရှုံးပွဲတွေ့သွားတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူလေးပွဲဆက်မရှုံးတာ ၁၉၆၀ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်သမိုင်းမှာ မန်ယူအတွက် အဆိုးရွားဆုံး ရလဒ်ပါ။

play

 

ထူးထူးခြားခြား မှတ်တမ်းတွေကတော့

  • ၁၉၆၁ ခုနှစ်အောက်တိုဘာကစပြီး မန်ယူဟာ တစ်ရာသီတည်းမှာလေးပွဲဆက် ရှုံးတာ မရှိပါဘူး။
  • ဒီရာသီမှာ မန်ယူအသင်းရဲ့ တစ်ပွဲပျှမ်းမျှ သွင်းဂိုးက ၁.၂၂ ဂိုးပဲရှိပါတယ်။ ဒါဟာ ၁၉၉၀ နောက်ပိုင်း အနိမ့်ဆုံး ဂိုးသွင်းနှုန်းပါ။
  • အခု မန်ယူရဲ့ ခံစစ်က တစ်ပွဲကိုနှစ်ဂိုးနဲ့ အထက်ပေးရတာ သုံးပွဲဆက်သွားပါပြီ။ ဒါမျိုးကို ၂၀၁၀ ကသာ နောက်ဆုံး ဖြစ်ခဲ့ဖူးတာပါ။

နည်းပြဗန်ဟားလ်လက်ထက်မှာ စံချိန်တင် ဆက်တိုက်ရသွားခဲ့ပြီး နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ရလဒ်အဆိုးဆုံး ရင်ဆိုင်ရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။


Source & Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ