Sports: မန်ယူနဲ့ပွဲမှာ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ မပါနိုင်တော့

, updated

ပွဲပယ်ပြစ်ဒဏ်ကျလိုက်ရတဲ ကော်စတာ မန်ယူနဲ့ အရေးကြီးပွဲစဉ်မှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး

play

 

ဒီဇင်ဘာ ၂၈ ရက်နေ့မန်ယူအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဘောက်ဆင်ဒေးနေ့က ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ကော်စတာအတွက် ငါးကြိမ်မြောက် အဝါကဒ်ပြခံလိုက်ရတာကြောင့် မန်ယူနဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

play

 

ဝက်ဒ်ဖို့နဲ့ ချယ်လ်ဆီး တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ကော်စတာက အသင်းအတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့လည်း ပွဲပြီးခါနီး ၈၈ မိနစ်မှာ ခရိသ်ကတ်ကာ့တ်ကို ဥပဒေပ ရင်ဆိုင်မိခဲ့လို့ အဝါကတ် ပြခံလိုက်ရတာ ဖြစ်ပါတယ်။

ဂုဟစ်ဒင့်ရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ လေးပွဲဆက်နိုင်ပွဲပျောက်လို့ ဖိအားဝင်နေတဲ့ မန်ယူကို ကော်စတာမပါပဲ ရင်ဆိုင်ရတော့မှာပါ။

Source : espn

Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ