Sports: နည်းပြဗန်ဟားလ်မပါဝင်ဘဲ ရိုင်ယန်ဂစ်နှင့်သာ မန်ယူလေ့ကျင့်ခန်းဆင်း

, updated

မန်ယူအသင်းကစားသမားတွေ လေ့ကျင့်ခန်း ဆင်းနေကြရာ၊ နည်းပြဗန်ဟားလ်ကိုမတွေ့ရပဲ လက်ထောက်နည်းပြ ရိုင်ယန်ဂစ် တစ်ဦးတည်းသာ တွေ့ရပါတယ်။

play

 

တနင်္လာနေ့မှာ ကစားမယ့် ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်း ဆင်းနေတဲ့ မန်ယူအသင်းမှာ နည်းပြဗန်ဟားလ် မပါဝင်လာတော့ဘူးလို့ စကိုင်းစပို့တ်သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အသင်းရဲ့  လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ နည်းပြဗန်ဟားလ်မရှိပဲ လက်ထောက်နည်းပြ ရွိုင်ယန်ဂစ်နဲ့သာ အသင်းသားတွေ လေ့ကျင့်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ ပုံမှန်မဟုတ်ဘူးလို့ ဗြိတိန်မီဒီယာတွေတွေက ဆိုပါတယ်။ ဖာဂူဆန် လက်ထက်တုန်းကတော့ ဖာဂူဆန်က လက်ထောက်နည်းပြတွေနဲ့ အသင်းကိုမကြာခဏ လေ့ကျင့်ခိုင်းပေမဲ့ လက်ရှိနည်းပြဗန်ဟားလ်ကတော့ အသင်းသားတွေနဲ့ အမြဲတမ်း ကိုယ်တိုင်လေ့ကျင့်သူ ဖြစ်ပါတယ်။

play

 

ဒါဟာ စံချိန်တင် ရှုံးပွဲဆက်နေလို့ အသင်းနဲ့ နည်းပြဗန်ဟားလ် လမ်းခွဲဖို့ ပိုပြီးနီးစပ်လာတဲ့ သတင်းတစ် ခုလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲပြီးရင်တော့ နည်းပြဗန်ဟားလ်နဲ့ လမ်းခွဲကြောင်း အသင်းဘက်က ကြေညာမယ်လို့ ဗြိတိန်မီဒီယတွေက သုံးသပ်ကြပါတယ်။

Source: skysports

Photos : naijaballer

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ