Sports: ရန်ကုန်ယူနိုက်တက်၏ နောက်ဆုံး ခြေစမ်းပွဲအဖြစ် မနောမြေအသင်းနဲ့ ခြေစမ်းပွဲ ကစားမည်

ရန်ကုန်ယူနိုက်တက်အသင်း၏ နောက်ဆုံးခြေစမ်းပွဲဖြစ်သည်။

play

 

၂၀၁၆ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်း သည် နောက်ဆုံးခြေစမ်းပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ် ၊ လိဂ်-၂ ကလပ် မနောမြေအသင်းနှင့် ခြေစမ်းပွဲတစ်ရပ်ကို ဒီဇင်ဘာ (၂၉) ရက် ညနေ (၃) နာရီခွဲတွင် ရန်ကုန်အသင်း၏ လေ့ကျင့်ရေးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

play

 

ပြီးခဲ့သည့် ခြေစမ်းပွဲများတွင် ရန်ကုန်ယူနိုက်တက်သည် Horizon အသင်းကို ၄-၁ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး မနောမြေအသင်းက ရှမ်းယူနိုက်တက်အသင်းကို သရေရလဒ်ထွက်ပေါ်အောင် ကစားထားသည်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ (၃) ရက်နေ့တွင် ဧရာဝတီအသင်းနဲ့ ချာရတီဖလားယှဉ်ပြိုင်ရမည် ဖြစ်သည်။


Source: 7 Day Daily

Photo: YUFC Facebook, MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ