Sports: စင်္ကာပူနှင့် ဖိလစ်ပိုင်အသင်းတို့နဲ့ ခြေစမ်းပွဲ ကစားရန် မြန်မာ့လက်ရွေးစင်အသင်းမှ ဖိတ်ကြားထား

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့မတိုင်မီ ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားရန် စင်ကာပူနှင့် ဖိလစ်ပိုင်အသင်းတို့ကို ဖိတ်ကြားထားကြောင်း သိရသည်။

play

 

၂၀၁၆ ခုနှစ် ၊ မတ်လအတွင်း မြန်မာ့လက်ရွေးစင် အသင်းသည် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ မတိုင်မီ ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားရန် စင်ကာပူနှင့် ဖိလစ်ပိုင်အသင်းတို့ကို ဖိတ်ကြားထားကြောင်း သိရသည်။

play

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည်မူလက Merlion Cup စင်ကာပူဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်အသင်း ကို စေလွှတ်ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယင်းပြိုင်ပွဲမှာကျင်းပမည့် ကွင်းအခက်အခဲကြောင့် ပျက်ပြယ်ခဲ့ပြီးနောက် ယခုကဲ့သို့ ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်းဖြစ်သည်။

play

 

မြန်မာအသင်းသည် စင်္ကာပူ ၊ ဖိလစ်ပိုင်အသင်းတို့နှင့်နောက်ဆုံးတွေ့ဆုံယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များတွင် စင်္ကာပူအသင်းကို ၂၀၁၄ ဆူဇူကီးဖလားအုပ်စုအဆင့်တွင် ၄-၂ ဂိုးဖြင့်ရှုံးနိမ့်ထားပြီး ဖိလစ်ပိုင်အသင်းကို ၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် ၃-၂ ဂိုးဖြင့် အနိုင်ယူထားသည်။


Source: 7 Day Daily

Photo: MFF Facebook, Mothership

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ