Sports: ဗန်ဟားလ်အတွက် ချယ်လ်ဆီးနှင့်ပွဲက နောက်ဆုံး ဖြစ်လာနိုင်

ချယ်လ်ဆီးနဲ့ပွဲမှာ ဘယ်လိုအဖြေပဲ ထွက်ထွက် နည်းပြဗန်ဟားလ်ကို ထုတ်ပယ်ဖို့ ပြင်ဆင်ထားပြီးပြီလို့ ဖော်ပြထားပါတယ်။

play

 

ယနေ့ တနင်္လာနေ့မှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ မန်ယူဘက်က နိုင်ပွဲရခဲ့ရင်တောင်မှ နည်းပြဗန်ဟားလ်ကို ထုတ်ပယ်ပစ်တော့မယ်လို့ တယ်လီဂရက်ဖ်သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ခရစ္စမတ်အပြီးမှာ ဘောက်ဆင်ဒေးနေ့ပွဲစဉ်နဲ့ တစ်ရက်သာခြားပြီး ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ ရှိနေတာကြောင့် နည်းပြဗန်ဟားလ်ကို အသင်းက ချက်ခြင်းမထုတ်ပယ်သေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘောက်ဆင်ဒေးနေ့မှာ စတုတ်စီးတီးအသင်းကို ရှုံးနိမ့်ပြီးကတည်းက နည်းပြဗန်ဟားလ်နဲ့လမ်းခွဲဖို့ အသင်းက ဆုံးဖြတ်ထားတာလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုကြေငြာချက်မျိုးကိုမှ အသင်းက မလုပ်သေးပဲ ငြိမ်သက်နေပါတယ်။

play

 

ချယ်လ်ဆီးနဲ့ပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ မန်ယူလေ့ကျင့်ခန်း ဆင်းရာမှာ နည်းပြဗန်ဟားလ် မပါဝင်ခဲ့ဘဲ လက်ထောက်နည်းပြရွိုင်ယန်ဂစ်သာ ရှိခဲ့ပါတယ်။ ညပိုင်းမှာတော့ နည်းပြဗန်ဟားလ်က အသင်းရဲ့ဟိုတယ်ရှိရာကို ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ပြိုင်ပွဲစုံ ၇ ပွဲမှာ ငါးပွဲရှုံးပြီး နှစ်ပွဲသရေကျခဲ့တဲ့အတွက် ၁၉၃၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရလဒ်ကို ရင်ဆိုင်သွားရပါတယ်။


Source: telegraph

Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ