Sports: ဘန်ကောက်မှာ ကျင်းပမယ့် လက်ဝှေ့ပွဲသို့ မြန်မာလက်ဝှေ့သမား (၂) ဦး သွားရောက် ယှဉ်ပြိုင်မည် မဟုတ်

ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာလက်ဝှေ့ ပြိုင်ပွဲ ၊ Thai Fight ပြိုင်ပွဲသို့ မြန်မာလက်ဝှေ့သမား (၂) ဦးဖြစ်သည့် MMA လိုက်ဝိတ်တန်း ချန်ပီယံ သွေးသစ်အောင်နှင့် ရွှေခါးပတ် ချန်ပီယံ ကြယ်စင်ဖြိုးတို့သည် သွားရောက် ယှဉ်ပြိုင်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်

play

 

မြန်မာလုပ်သား (၂) ဦး ကို သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်းသည် တရားမျှတမှုမရှိခြင်းကြောင့် ကန့်ကွက်သည့်အနေဖြင့် ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ ၊ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာလက်ဝှေ့ ပြိုင်ပွဲ ၊ Thai Fight ပြိုင်ပွဲသို့ မြန်မာလက်ဝှေ့သမား (၂) ဦးဖြစ်သည့် MMA လိုက်ဝိတ်တန်း ချန်ပီယံ သွေးသစ်အောင်နှင့် ရွှေခါးပတ် ချန်ပီယံ ကြယ်စင်ဖြိုးတို့သည် သွားရောက် ယှဉ်ပြိုင်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

play

 

အဆိုပါ ပြိုင်ပွဲတွင် ထိုင်း၊ ကမ္ဘောဒီး ယား၊ ပြင်သစ်၊ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ တောင်အာဖရိက၊ ပိုလန်နှင့် မြန်မာနိုင်ငံတို့မှ လက်ဝှေ့အကျော်အမော်များ လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး သွေးသစ်အောင်မှာ ထိုင်းဖိုက်တာ စိုင်ယို့စ် နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ကြယ်စင်ဖြိုးမှာ Sean Chal နှင့် ယှဉ်ပြိုင်ရန်စီစဉ်သော်လည်း မြန်မာလက်ဝှေ့သမား (၂)ဦးသည် သွားရောက် မယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

Source: 7 Day Daily

Photo: youtube, cnn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ