Sports: မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) နှစ်ထပ် အဆောက်အအုံကို ယခုအပတ်တွင် စတင် တည်ဆောက်မည်

Goal Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာ (၅) သိန်း ပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ (၂)သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

play

 

လူငယ်မျိုးဆက်သစ် ဘောလုံးသမားများမွေးထုတ်ပေးရန် ရည်ရွယ်သည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) (၂)ထပ် အဆောက်အအုံကို ယခုအပတ်တွင် စတင်တည်ဆောက်မည်ဖြစ်ကာ မြက်ခင်းတု လေ့ကျင့်ရေးကွင်းများ အပါအ၀င် စုစုပေါင်း ကန်ဒေါ်လာ ၂.၅ သန်း ကုန်ကျမည့် ရန်ကုန်ဘောလုံးအကယ်ဒမီအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) မှ Goal Project-5 အစီအစဉ်ဖြင့် ကန်ဒေါ်လာ (၅) သိန်း ပံ့ပိုးထားပြီး ကျန်ကုန်ကျစရိတ် ကန်ဒေါ်လာ (၂)သန်းခန့်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီဖောင်ဒေးရှင်းက ပံ့ပိုးလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

play

 

လက်ရှိတွင် မြက်ခင်းတုလေ့ကျင့်ရေးကွင်း (၁၊ ၂) တို့မှာ တည်ဆောက်ပြီးစီးနေပြီး ယခု ဆောက်လုပ်မည့် နှစ်ထပ်အ ဆောက်အအုံကို အဆိုပါ လေ့ကျင့်ရေးကွင်းအနီးတွင် မင်းဓမ္မ  ဆောက်လုပ်ရေးကုမ္ပဏီက (၈) လ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးဘေးတွင် ရန်ကုန်ဘောလုံးအကယ်ဒမီ ပင်မနှစ်ထပ်အ ဆောက်အအုံကို ၂၀၁၅ ခုနှစ် ၊ ဧပြီလကတည်းက တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း နှစ်ကုန်ပိုင်းမှ လုပ်ငန်းများစတင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖီဖာဂိုးပရောဂျက်အစီအစဉ်ဖြင့် မန္တလေးဘောလုံးအကယ်ဒမီနှင့် ပုသိမ်ဘောလုံးအကယ်ဒမီတို့ ဖွင့်လှစ်ထားရှိပြီး လူငယ်ကစားသမားများအား လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

Source: 7 Day Daily

Photo: MFF Facebook, ourmedicaldirectory

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ