play

 

ဘာစီလိုနာ အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဇာဗီက မော်ရင်ဟိုရဲ့ ပွဲတစ်ပွဲကို အနိုင်ရဖို့အတွက် ဘယ်လိုနည်းမျိုးနဲ့မဆို ကစားတတ်တဲ့ ခံယူချက်အပေါ် Record နဲ့ တွေ့ဆုံခန်းမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

play

 

မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကို တာဝန်ယူခဲ့စဉ်က ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ပေါ်တူဂီနည်းပြရဲ့ ပွဲတစ်ပွဲအနိုင်ရဖို့ ဘာမဆိုလုပ်တတ်တဲ့ နည်းဗျူဟာအခင်းအကျင်းပေါ် ပြန်လည် ထောက်ပြခဲ့တာပါ။

play

 

ဇာဗီက မော်ရင်ဟိုဟာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်တဲ့အတွက် သူ့ကို အရမ်းလေးစားမီကြောင်း ၊ ဒါပေမယ့် သူဟာ ပွဲတစ်ပွဲကို မဖြစ်မနေ အနိုင်ယူရမယ်ဆိုတဲ့ ခံယူချက်အပေါ်ကိုလည်း လေးစားမှုရှိပေမယ့် အဲဒီလိုခံယူချက်နဲ့ ကစားတဲ့အခါမှာ အသင်းတစ်သင်းရဲ့ ကိုယ်ပိုင်ကစားဟန်ဟာ ပျောက်ကွယ်သွားနိုင်ကြောင်း ၊ မော်ရင်ဟို ဘောလုံးအပေါ်ထားရှိတဲ့ ခံယူချက်ဟာ သူနဲ့ မတူကြောင်း ပြောကြားခဲ့ပါတယ်။

Source: espn

Photo: bleacherreport, mirror, dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video