Sports: ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) မကြည့်ခင် သိထားသင့်တဲ့ (၅) ချက်

ပွဲစဉ် (၁၉) ပြီးသွားရင်တော့ ပရီးမီးယားလိဂ် ရာသီတစ်ဝက်ကျိုးပြီဖြစ်ပြီး ရာသီဝက်ချန်ပီယံ ဘယ်သူလည်း ဆိုတာ လည်း ထွက်လာတော့မှာပါ။

play

 

ဘောက်ဆင်ဒေးနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၈) ကိုကစားခဲ့ပြီးတဲ့နောက် တစ်ရက်အကြာမှာပဲ ပွဲစဉ်(၁၉) ကစားမယ့်နေ့ကို ရောက်လာပြန်ပါပြီ။ ဒီပွဲစဉ် ပြီးသွားရင်တော့ ပရီးမီးယားလိဂ်ရဲ့ ရာသီဝက်ချန်ပီယံ ဘယ်သူလဲဆိုတာ ထွက်လာတော့မှာပါ။

ဒီတစ်ပတ်မှာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ ချယ်လ်ဆီးနဲ့ မန်ယူရဲ့ ပွဲစဉ် ရှိနေပါတယ်။ နှစ်သင်းလုံးက ဖိအားအောက်ကို ရောက်နေတာကြောင့်ပါ။ ရာသီတစ်ဝက်ကျိုးမယ့်ပွဲစဉ် (၁၉) မကြည့်ခင်မှာလည်း ဘာတွေ သိထားသင့်သလဲ ဆိုတာ ဖော်ပြပေးပါမယ်။

၁။ လက်စတာ ရာသီဝက် ချန်ပီယံဖြစ်မလား

play

 

ဒီပွဲစဉ် ၁၉ မှာနိုင်ပွဲရခဲ့မယ်ဆိုရင်တော့ လက်စတာက ရာသီဝက် ချန်ပီယံ ဖြစ်တော့မှာပါ။ ခက်တာက ရာသီဝက် နောက်ဆုံးပွဲစဉ်မှာ လက်စတာက မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ကောင်းဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီပွဲနိုင်ခဲ့မယ်ဆိုရင် မထင်မှတ်ပဲ မန်စီးတီးကလည်း ထိပ်ဆုံးတောင် ရောက်လာနိုင်ပါတယ်။ လက်စတာနဲ့ မန်စီးတီးပွဲစဉ်က အမှတ်ပေးဇယားကို အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

၂။  နည်းပြဗန်ဟားအနာဂတ်ကို ဆုံးဖြတ်မယ့် မန်ယူ - ချယ်လ်ဆီး ပွဲစဉ်

play
play

 

ဒီတစ်ပတ်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ လေးပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ မန်ယူနိုင်ပွဲပြန်ရမှ ရပါ့ဦးမလားဆိုတာ အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ဖက်မှလည်း ချယ်လ်ဆီးနည်းပြ ဂုဟစ်ဒင့်က သူ့ရဲ့ ပထမဆုံးပွဲမှာ နိုင်ပွဲမယူနိုင်ခဲ့လို့ ဒီပွဲကို အနိုင်ရဖို့ လိုနေသူပါ။ ဒီပွဲပြီး နည်းပြဗန်ဟားလ်ရဲ့ သတင်းထူး တစ်ခုခုလည်း ကြားရနိုင်ပါတယ်။

၃။ အာဆင်နယ် ထိပ်ဆုံးရောက်လာမလား

play

 

အမှတ်ပေးဇယား အဆင့်-၁ နေရာက လက်စတာနဲ့ အဆင့်-၃ နေရာက မန်စီးတီးတို့ တွေ့ကြချိန်မှာ အာဆင်နယ်အတွက် အခွင့်အရေး ဖြစ်ပါတယ်။ ဆောက်သမ်တန်ကို လေးဂိုးပေးပြီး ရှုံးခဲ့ရပေမယ့် အခု ဘုန်းမောက်နဲ့ပွဲမှာ ရလဒ်ကောင်းခဲ့ရင် အာဆင်နယ်လည်း အမှတ်ပေးဇယားထိပ်ကို ရောက်က်လာပြီး ရာသီဝက်ချန်ပီယံ ဖြစ်နိုင်ချေရှိပါတယ်။

၎။ ဂိုးသွင်းဘုရင် နှစ်ယောက် တွေ့တဲ့ပွဲ

play

 

လောလောဆယ်အထိတော့ ဂိုးသွင်းဘုရင်ဖြစ်နေတာ လက်စတာက ဗာဒီဖြစ်ပါတယ်။ ဒါပေမယ့် ဝက်ဖို့ဒ်နဲ့ စပါး တွေ့တဲ့ပွဲမှာ တိုက်စစ်မှူး အီဂါလိုနဲ့ ဟယ်ရီကိန်းအားပြိုင်မယ့်ပွဲဖြစ်ပါတယ်။ အီဂါလိုက ၁၃ ဂိုးသွင်းထားပြီး ဟယ်ရီကိန်းက ၁၁ ဂိုးသွင်းထားတာပါ။ ဒီတိုက်စစ်မှူးနှစ်ဦးဘယ်လောက် ဂိုးသွင်းနိုင်မလဲ ဆက်စောင့်ကြည့်မှာ ဖြစ်ပါတယ်။

၅။ ဝက်စ်ဟမ်းနိုင်ပွဲရမလား

play

 

အံ့သြဖို့တော့ ကောင်းပါတယ်။ ဒီရာသီမှာ အသင်းကြီးတွေဆိုရင် အမြဲနိုင်ပွဲတွေ ယူလေ့ရှိတဲ့ ဝက်စ်ဟမ်းက နောက်ဆုံးငါးပွဲလုံးကို သရေကစားထားတာ ဖြစ်ပါတယ်။ နောက်ဆုံးရှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတာပါ။ အခုဆောက်သမ်တန်နဲ့ပွဲမှာ ဝက်စ်ဟမ်း နိုင်ပွဲ ပြန်ရလေမလား စောင့်ကြည့်ရပါလိမ့်မယ်။

Source : nbc

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ