Sports: ဗန်ဂါးအတွက် ကစားသမားတွေ အကောင်းဆုံး ကြိုးစားနေပါတယ်လို့ ကာရစ်ပြော

၁၉၆၁ ခုနှစ် ၊ နိုဝင်ဘာလ နောက်ပိုင်းမှာ အခုလို့ (၇) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

play

 

မန်ယူအသင်းရဲ့ ဒု-အသင်းခေါင်းဆောင်ဖြစ်သူ ကာရစ်က အသင်းသားတွေဟာ နည်းပြအတွက် အကောင်းဆုံး ကစားနေတာဖြစ်သလို ဝေဖန်သူတွေပြောနေသလို အကောင်းဆုံး ကစားပေးလိုစိတ်မရှိဘူးဆိုတာကို ကြားရာတာ စိတ်ပျက်မီပါတယ်လို့ပြောကြားခဲ့ပါတယ်။

play

 

မန်ယူအသင်းဟာ ဘောက်ဆင်ဒေးနေ့မှာ စတုတ်စီးတီးအသင်းကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ ၁၉၆၁ ခုနှစ် ၊ နိုဝင်ဘာလ နောက်ပိုင်းမှာ အခုလို့ (၇) ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာဖြစ်ပြီး နည်းပြ ဗန်ဟားလ်အနေနဲ့ ပိုပြီးတော့ ဖိအားအောက်တွေမှာရောက်သွားခဲ့တဲ့အပြင် ကစားသမားတွေအနေနဲ့လည်း ဝေဖန်ခံနေရပါတယ်။

play

 

နည်းပြ ဗန်ဟားလ်အနေနဲ့လည်း (၄) ပွဲ ဆက်တိုက်ရှုံးနိုမ့်ခဲ့ပြီးတဲ့နောက် ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပေးဖို့ဆိုဟာ ပိုပြီးတော့ခက်ခဲပါတယ်လို့ပြောကြားခဲ့ပါတယ်။ ၄င်းအနေနဲ့ ကစားသမားတွေ သူ့အပေါ်ယုံကြည်မှုရှိနေတုန်းပါလို့လည်း ပြောပါတယ်။ မန်ယူအသင်းဟာ ယနေ့ တနင်္လာနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားရမှာပါ။

Source : BBC

Photo: endiba, faceoffootball, examinerpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ