Sports: အိုးထရက်ဖို့ဒ်မှာ ချယ်လ်ဆီးကို မန်ယူ နိုင်ဖို့ မလွယ်တဲ့ပွဲ (ပွဲကြိုသုံးသပ်ချက်)

အိမ်ကွင်းဖြစ်ပေမယ့် နောက်ဆုံးတွေ့ဆုံထားတဲ့ အချက်အလက်တွေအရ မန်ယူဘက်က ချယ်လ်ဆီးကို အသာစီးရဖို့ မလွယ်ပါဘူး။

play

 

ပရီးမီးယားလိဂ် ရာသီတစ်ဝက်ကျိုးတဲ့ အချိန်မှာတော့ မန်ယူနဲ့ ချယ်လ်ဆီးအသင်းအတွက် ဒီရာသီ ပထမဆုံးတွေဆုံတဲ့ပွဲကို ပရိသတ်တွေ ကြည့်ရတော့မှာပါ။ မန်ယူနည်းပြဗန်ဟားလ်ရဲ့ အနာဂတ်အတွက် အစွန်းကို ရောက်နေတဲ့အချိန်မှာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတာဖြစ်လို့ အတော်လေး ခက်ခဲလှပါတယ်။

ချယ်လ်ဆီးနည်းပြဂုဟစ်ဒင့်အတွက်တော့ ဒုတိယမြောက်ပွဲပါ။ နိုဝင်ဘာ ၂၁ ရက်နေ့ နောက်ပိုင်းမှာ ကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရတော့တဲ့ မန်ယူအတွက် ဖိအားသိပ်ကို များနေတဲ့ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း ရာသီအကုန်မှာ အဆင့်-၄ အတွင်းဝင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပြည့်ဖို့ဆိုရင် အခုကတည်းက ရလဒ်ပြန်ကောင်းအောင် ကြိုးစားရတော့မှာပါ။

ဒဏ်ရာရ ပွဲပယ်သတင်း

play

 

စတုတ်စီးတီးနဲ့ပွဲမှာ ပွဲထွက်မပါခဲ့ရတဲ့ မန်ယူအသင်းခေါင်းဆောင် ရွန်နေး ဒီပွဲမှာ ပွဲထွက် ပြန်ပါလာဖို့ ရှိပါတယ်။ ပွဲပယ်ခံထားရတဲ့ ရှဝိန်းစတိုင်ဂါလည်း ဒီပွဲပြန်ပါလာမှာပါ။ နောက်ခံလူ ဒါမီယန်ပြန်ပါလာဖို့ ရှိပေမယ့် ဗလန်စီယာ၊ ရိုဟိုနဲ့ လုခ်ရှောတို့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။

ချယ်လ်ဆီးဘက်မှာတော့ အဓိကတိုက်စစ်မှူး ကော်စတာပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို လွဲတော့မှာပါ။ ဖယ်လ်ကာအိုကလည်း ကြံ့ခိုင်မှု ပြည့်မပြည့် မသေချာတာကြောင့် ဒီနေ့ပွဲမှာ ရေမီပွဲထွက်လာဖို့ ရှိနေပါတယ်။

play

 

ထူးခြားချက်

ထူးခြားချက်ကတော့ ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး သုံးကြိမ်တွေ့ခဲ့တုန်းက စုစုပေါင်း နှစ်ဖက်သွင်းဂိုး သုံးဂိုးသာရှိခဲ့ပါတယ်။ ဒါဟာ တစ်ပွဲတစ်ဂိုးနှုန်းသာ ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ မန်ယူအပေါ် ပရီးမီးယားလိဂ်မှာ နိုင်ပွဲအရဆုံး အသင်းလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ မန်ယူနဲ့ နောက်ဆုံးငါးကြိမ်တွေ့တော့ ငါးကြိမ်လုံး မရှုံးထားပါဘူး။

သုံးသပ်ချက်

play

 

နောက်ဆုံး ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲမတွေ့တဲ့ မန်ယူအသင်းရဲ့ နည်းပြအတွက် အဆုံးအဖြတ်ပွဲစဉ်ဆိုတာ သေချာသလောက် ရှိနေပါပြီ။ျ ချယ်လ်ဆီးကလည်း ကစားပုံမှာ ရာသီအစကထက် တိုးတက်လာတဲ့ အသင်းပါ။ ချယ်လ်ဆီး နိုင်ပွဲရမယ့်ပွဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

Source : skysports, opta

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ