Sports: နည်းပြရာထူးမှ နုတ်ထွက်ရန် နည်းပြဗန်ဟားလ်ကိုယ်တိုင် တောင်းဆိုခဲ့

, updated

စံချိန်တင် ရှုံးပွဲကြုံခဲ့ပြီးတဲ့နာက်မှာ နည်းပြဗန်ဟားလ်က အသင်းဒုဥက္ကဌထံကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပေမယ့် အသင်းက မလိုက်လျောခဲ့ပါဘူး။

play

 

နောဝှစ်ခ်ျကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ မန်ယူအသင်းနည်းပြ ဗန်ဟားလ်က သူကိုယ်တိုင် အသင်းဒုဥက္ကဌ ဆီမှာ နုတ်ထွက်ဖို့ ပြောခဲ့တယ်လို့ တိုင်းမ်စ်သတင်းစာက ဖော်ပြလိုက်ပါတယ်။ ဒါပေမယ့် အသင်းဘက်ကတော့ ဗန်ဟားလ်ရဲ့ နုတ်ထွက်စာကို လက်မခံခဲ့ပါဘူး။

မန်ယူအသင်းဘက်က နည်းပြဗန်ဟားလ်နုတ်ထွက်တာကို လက်မခံခြင်းဟာ အခွင့်အရေး နောက်ထပ် တစ်ခု ပေးထားတာလို့ မီဒီယာတွေက ရှုမြင်ထားပါတယ်။ အထူးသဖြင့် နှစ်သစ်မှာ အသင်းရဲ့ ရလဒ်ဆိုးတွေကို ပြောင်းလဲဖို့ အခွင့်အရေးနောက်တစ်ကြိမ် ထ ပ်ပေးထားသေးတယ်လို့ သုံးသပ်ကြပါတယ်။

play

 

၇၃ နှစ်အတွင်း ရလဒ်အဆိုးရွားဆုံးဟာ နည်းပြဗန်ဟားလ်လက်ထက်မှာ ရင်ဆိုင်ခဲ့ရတာပါ။ မန်ယူမှာ နည်းပြဗန်ဟားလ်ကို မလိုလားသူတွေလည်း ရှိနေခဲ့တာကြောင့် ဗန်ဟားလ်က နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်တယ်လို့ တိုင်းမ်စ်သတင်းစာက ရေးသားထားပါတယ်။ အခြားသတင်းတွေအရလည်း ချယ်လ်ဆီးနဲ့ ပွဲပြီးတဲ့အခါ နည်းပြဗန်ဟားလ်အနာဂတ်ကို မန်ယူက ကြေငြာသွားမယ်လို့ ဆိုပါတယ်။

Source : givemesports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ