Sports: ဆွန်ဟောင်မင် သွင်းဂိုးနဲ့ စပါးအနိုင်ရပြီး အဆင့်-၃ ကိုရောက်လာ

ပွဲပြီးခါနီးမှာ သွင်းယူလိုက်တဲ့ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးနဲ့ စပါးက သုံးပွဲဆက်တိုက် နိုင်ပွဲရပြီး အဆင့်-၃ နေရာကို ရောက်လာပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အစောပိုင်း ပွဲစဉ်တွေအပြီးမှာ အဲဗာတန်က စတုတ်စီးတီးကို ရှုံးနိမ့်သွားခဲ့ပြီး စပါးက တော့ ပွဲပြီးခါနီးမှ သွင်းယူတဲ့ဂိုးနဲ့ ဝက်ဖို့ဒ်အသင်းကို အနိုင်ရသွားခဲ့ပါတယ်။ စပါးအသင်းရဲ့ တိုက်စစ်ကို ဟယ်ရီကိန်းနဲ့ လာမီလာတို့ ဦးဆာင်ခဲ့ပြီး ဝက်ဖို့ဒ်ရဲ့ တိုက်စစ်ကို အဓိကတိုက်စစ်မှူး အီဂါလိုက ဦးဆောင်ခဲ့ပါတယ်။

စပါးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၇ မိနစ်မှာတင် လာမီလာက သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးဖို့ မိနစ်ပိုင်း အလိုမှာ ဝက်ဖို့ဒ်အသင်းက မထင်မှတ်ပဲ ချေပဂိုးပြန်ရသွားပါတယ်။ စပါးဂိုးဧရိယာထဲ ကျလာတဲ့ ဘောလုံးကို ဝက်ဒ်ဖို့အသင်း တိုက်စစ်မှူး အီဂါလိုက နောက်ခံကစားသမားတွေနဲ့ ဘောလုံး ယှဉ်လုပြီး သွင်းယူသွားတာပါ။

play

 

ဒုတိယပိုင်းမှာတော့ လာမီလာကို ဖျက်ထုတ်တာ ကြမ်းလွန်းတဲ့အတွက် ဝက်ဖို့ဒ် ကစာသမား နေသန်အနီကတ် ပြခံလိုက်ရလို့ ဝက်ဖို့ဒ် ဆယ်ယောက်တည်းနဲ့ ဆက်ကစားခဲ့ရပါတယ်။ စပါးရဲ့ တိုက်စစ်ကို ပွဲပြီးခါနီးအထိ ထိန်းနိုင်ခဲ့ပေမယ့် လူစားဝင်လာတဲ့ တောင်ကိုရီးယား ကစားသမား ဆွန်ဟောင်မင်က ၈၈ မိနစ်မှာ နောက်ပြန်ဖနောင့်ကန်ချက်နဲ့ အသာသွင်းယူလိုက်လို့ စပါးနိုင်ပွဲ ရသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးနဲ့ လက်စတာပွဲမတိုင်ခင်မှာ စပါးက အဆင့်-၃ နေရာကို ရောက်သွားခဲ့ပါပြီ။ တစ်ဖက်မှာလည်း အဲဗာန်တန်နဲ့ စတုတ်စီးတီးက ဂိုးတွေ အပြန်အလှန်သွင်းခဲ့ကြပြီး ဧည့်သည်စတုတ်စီးတီး အသင်းအနိုင်င်ရသွားပါတယ်။

play

 

ပွဲချိန် ၇၁ မိနစ်မှာ အဲဗာန်တန်က ၃-၂ နဲ့ ဦးဆောင်နေနိုင်ခဲ့ပေမယ့် လူစားဝင်လာတဲ့ ဂျိုဆေးလူက ပွဲချိန် ၈၀ မိနစ်မှာ စတုတ်စီးတီးအတွက် ချေပဂိုး သွင်းပေးခဲ့ပြီး နာကျင်အချိန်ပိုမှာ စတုတ်စီးတီးအတွက် ပင်နယ်တီ ရခဲ့ပါတယ်။ ဒီပင်နယ်တီကို အာနော်တိုဗစ်က သွင်းယူလိုက်လို့ စတုတ်စီးတီး နိုင်ပွဲရသွားတာပါ။

Source : flashscore

Photos: dailymail, goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ