Sports: အိုးထရက်ဖို့ဒ်မှာ မန်ယူနဲ့ ချယ်လ်ဆီး ဂိုးမရှိ သရေကျ

ချယ်လ်ဆီးကလည်း နည်းပြသစ် လက်ထက်မှာ နိုင်ပွဲမရသေးသလို မန်ယူကလည်း နိုင်ပွဲမရတာ ခြောက်ပွဲရှိလာခဲ့ပါပြီ။

play

 

ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက် ရှုံးနိမ့်ပြီး ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူက ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပြန်ပါတယ်။ မန်ယူအသင်း တိုက်စစ်မှာ ရွန်နေး၊ မာရှယ်၊ ဟာရဲယား၊ မာတာတို့ပါဝင်ကစားခဲ့ပြီး ချယ်လ်ဆီးဘက်မှာတော့ တိုက်စစ်မှူးစစ် မပါဝင်ပဲ ဟာဇက်၊ ဝီလီယံ၊ အော်စကာနဲ့ ပက်ဒရိုတို့ ပွဲထွက်ခဲ့ပါတယ်။

play

 

ပွဲစပြီး သုံးမိနစ်လောက်အကြာမှာတင် မာတာရဲ့ ကန်ချက်ဘားတန်းထိထွက်သွားလို့မန်ယူဘက်က ဂိုးရဖို့ နစ်နာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ နောက်ထပ် ဆယ်မိနစ်လောက် အတွင်းမှာ မန်ယူဘက်က ဂိုးရဖို့ အခွင့်အရေး နှစ်ကြိမ်လောက်ရခဲ့ပြန်ပါတယ်။ မန်ယူတိုက်စစ်မှူး မာရှယ်ရဲ့ တစ်ကိုယ်တော်ထိုးထောက်မှုကတဆင့် ကန်ချက် တိုင်အောက်ခြေထိပြီး ထွက်သွားခဲ့သလို တယ်ရီရဲ့ ခေါင်းတိုက်ချက်ကိုလည်း မန်ယူဂိုးသမား ဒီဂီယာက အံ့မခန်လက်စွမ်းနဲ့ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်နိုင်မှု ပိုများလာခဲ့ပြီး ဂိုးသမားဒီဂီယာ လက်စွမ်းပြနေခဲ့လို့သာ ချယ်လ်ဆီး ဂိုးမရခဲ့တာပါ။ ၅၆ မိနစ်မှာ အန်ဒါဟာရဲယားရဲ့ ဂိုးဝင်ပြီလို့ ထင်ရလောက်တဲ့ ကန်ချက်ကိုလည်း ချယ်လ်ဆီးဂိုးသမား ကော့တွစ်ကာကွယ် ခဲ့ပြန်ပါတယ်။

play

 

နှစ်ဖက်လုံး ဂိုးမသွင်းနိုင်ကြလို့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး မန်ယူကတော့ ပရီးမီးယားလိဂ်မှာ ခြောက်ပွဲ ဆက်တိုက် နိုင်ပွဲမရတဲ့ အသင်းအဖြစ် စံချိန်တင်သွားပါတယ်။ ချယ်လ်ဆီးကလည်း နည်းပြသစ် ဂုဟစ်ဒင့် လက်ထက်မှာ နိုင်ပွဲမရသေးပြန်ပါဘူး။


Source: flashscore

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ