Sports: အာဆင်နယ် နိုင်ပွဲရပြီး အမှတ်ပေးဇယားအဆင့်-၁ ရောက်လာ

ကွင်းလယ်ကစားသမား အိုဇေးခြေစွမ်းပြပြီး အာဆင်နယ်နိုင်ပွဲရခဲ့လို့ အမှတ်ပေးဇယား အဆင့်-၁ နေရာကို ရောက်လာပါတယ်။

play

 

မန်ယူနဲ့ ချယ်လ်ဆီးသရေကျသွားခဲ့ပြီး မန်စီးတီးက လက်စတာနဲ့ တွေ့ရမယ့်  ရက်သတ္တပတ်မှာ အာဆင်နယ်က ဘုန်းမောက်အသင်းကို အမှားအယွင်းမရှိ အနိုင်ကစားနိုင်ခဲ့လို့ ပထမနေရာကို ရောက်လာခဲ့ပါပြီ။ ပထမပိုင်းမှာ သွင်းဂိုးတစ်ဂိုး၊ ဒုတိယပိုင်းမှာ သွင်းဂိုးတစ်ဂိုးသွင်းပြီး အာဆင်နယ် အနိုင်ရခဲ့တာပါ။

play

 

အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ နောက်ခံလူ ဂါဘရီရယ်က သွင်းယူပေးနိုင်ခဲ့တာပါ။ အိုဇေးကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို သွင်းယူလိုက်တာဖြစ်ပြီး အိုဇေးအတွက်တော့ ဒီရာသီမှာ အာဆင်နယ်အတွက် ၁၆ ဂိုးမြောက် ဂိုးဖန်တီးပေးမှု ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှာ တိုက်စစ်မှူးဂျီရော့ဒ်ရဲ့ ကြိုးစားအားထုတ်မှုကတဆင့် ကွင်းလယ်ကစားသမား အိုဇေး ဒုတိယဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ ဒီပွဲကို ပေးဂိုးမရှိအနိုင်ရလိုက်တာကြောင့် လက်စတာနဲ့ မန်စီးတီးပွဲ အဖြေမထွက်သေးခင်အထိ အာဆင်နယ်က အမှတ်ပေးဇယား နံပတ်-၁ နေရာမှာ ရှိနေတော့မှာပါ။

play

 

အာဆင်နယ် ဂိုးသမား ပီတာဆက်ခ်ျက ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိတဲ့ပွဲပေါင်း ၁၇၀ ပြည့်သွားလို့ မန်စီးတီးဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်နဲ့ စံချိန်တူသွားပါတယ်။ နောက်တစ်ပွဲသာ ပေးဂိုးမရှိ ကစားနိုင်ခဲ့ရင် ပရီးမီးယားလိဂ်မှာ ပေးဂိုးမရှိ ပွဲအများဆုံး ဂိုးသမားက ပီတာဆက်ခ်ျ ဖြစ်လာတော့မှာပါ။


Source : goal

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ