Sports: ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်

ပြည်တွင်း တွဲဆိုင်း (၅)ချီစိန် ခေါ်ပွဲများဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ရာမဉ်နှင့် စောအယ်လေး၊ ကျော်ဇင်လတ်နှင့် ရန်တိုင်းကျော်၊ စောထွဋ်ခေါင်နှင့် ထော့ဖား၊ စထို့ဖဆိတ်နှင့် စောဇော်ကဲ၊ ရွှေထိပ်တင်နှင့် ရဲရင့်အောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

play

 

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ထည့်သွင်းကျင်းပမည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်မှ (၁၀) ရက်နေ့အထိ ရန်ကုန်မြို့ ၊ အင်းစိန်မီးရထား ဘောလုံးကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ပြည်တွင်းတွဲဆိုင်းများဖြင့်သာ ကျင်းပမည်ဖြစ်ကာ (၅)ချီစိန် ခေါ်ပွဲများဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ရာမဉ်နှင့် စောအယ်လေး၊ ကျော်ဇင်လတ်နှင့် ရန်တိုင်းကျော်၊ စောထွဋ်ခေါင်နှင့် ထော့ဖား၊ စထို့ဖဆိတ်နှင့် စောဇော်ကဲ၊ ရွှေထိပ်တင်နှင့် ရဲရင့်အောင်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

play

 

ယင်းစိန်ခေါ်ပွဲတွင် ကြားတွဲဆိုင်းများ ပါဝင်ထိုးသတ်ရန် စီစဉ်ထားပြီး လာရောက်ကြည့်ရှုသည့် လက်ဝှေ့ဝါသနာရှင်များ ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်ရန် ဝိတ်တန်းအလိုက် တွဲဆိုင်းများ စီစဉ်ပေးမည့်အပြင် (၃)ချီစိန်ခေါ်ပွဲနှင့် (၄)ချီစိန်ခေါ်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး မျိုးဆက်သစ် စိန်ခေါ်ပွဲများလည်း ပါဝင်မည်ဟု သိရသည်။ ဘားအံမြို့၌လည်း ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီလ (၇) ရက်မှ (၁၄) ရက်အထိ မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲများ ကျင်းပရန် စီစဉ်ထားသည်။

Source: 7 Day Daily

Photo: asiareports, cnn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ