Sports: မန်ယူအသင်းမှ နှုတ်ထွက်မည် မဟုတ်ကြောင်း ဗန်ဟားလ်မှပြော

ကစားသမားတွေအနေနဲ့ သူ့အတွက် ဒီပွဲမှာ အကောင်းဆုံး ကစားပေးခဲ့သည်ကို အားလုံးလည်းတွေ့မြင်ခဲ့ရပြီးဖြစ်သည့်အတွက် ၄င်းအနေနဲ့ မီဒီယာများ ထင်မြင်ချက်ပေးသလို အသင်းမှ နှုတ်ထွက်သွားမှာ မဟုတ်ကြောင်း BT Sport သို့ ပြောကြားခဲ့သည်။

play

 

တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးနဲ့ သရေပွဲအပြီးတွင် မန်ယူအသင်းနည်းပြဖြစ်သူ ဗန်ဟားလ်သည် ချယ်လ်ဆီးအသင်းနဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့သည့်ပွဲစဉ်အပြီး ကစားသမားတွေအနေနဲ့ သူ့အတွက် ဒီပွဲမှာ အကောင်းဆုံး ကစားပေးခဲ့သည်ကို အားလုံးလည်းတွေ့မြင်ခဲ့ရပြီးဖြစ်သည့်အတွက် ၄င်းအနေနဲ့ မီဒီယာများ ထင်မြင်ချက်ပေးသလို အသင်းမှ နှုတ်ထွက်သွားမှာ မဟုတ်ကြောင်း BT Sport သို့ ပြောကြားခဲ့သည်။

play

 

အဆိုပါပွဲအပြီးတွင် အသင်း၏ ပရိသတ်များမှလည်း လက်ခုပ်တီး အားပေးမှုများပြုလုပ်ခဲ့သည့်အတွက် အသင်းတာဝန်ရှိသူများနှင့် ကစားသမားများပေါ်မှာလည်း ဗန်ဟားလ်အနေနဲ့ အပြည့်အဝ ယုံကြည်ကြောင်းပြောကြားခဲ့သည့်အပြင် အသင်းနဲ့ပက်သက်သူအားလုံးအနေနဲ့လည်း ရလဒ်ကောင်းများ ပြန်ရရှိရန် အကောင်းဆုံး ကြိုးစားနေကြောင်း ဗန်ဟားလ်မှ ပြောသည်။

play

 

မန်ယူအသင်းသည် ပရီးမီးယားလိဂ် (၃) ပွဲဆက် ရှုံးနိုမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့ သရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် အမှတ်ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

Source: espn

Photo: espn, mirror, zimbio

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ