Sports: ဘောလုံးသမားတွေ စီးတဲ့ ထူးထူးဆန်းဆန်း ကားများ

တစ်ချို့ဘောလုံးသမားတွေက ဒီဇိုင်းထူးထူးဆန်းဆန်း ကားမျိုးတွေကိုမှ ကြိုက်တက်ကြပါတယ်။

play

 

ကမ္ဘာ့ထိပ်တန်းကလပ်အသင်းတွေမှာ ဘောလုံးသမား တစ်ဦးဖြစ်ခဲ့ရင် ဇိမ်ခံကားအကောင်းစားတွေ ဝယ်စီးနိုင်ဖို့က သိပ်ခက်ခဲလှတဲ့ အရာမဟုတ်တော့ပါဘူး။ တစ်ချို့က ဒီိဇိုင်းလှလှ ကားတွေ ဝယ်စီးတက်ကြပေမယ့် တစ်ချို့ ဘောလုံးသမားတွေကတော့ ဒီဇိုင်းထူးထူးဆန်းဆန်းနဲ့ တော်ရုံလူ မကြိုက်လောက်တဲ့ ကားမျိုးတွေ ဝယ်စီးတက်ကြပါတယ်။

ဥရောပ ဘောလုံးသမား အချို့ပိုင်ဆိုင်ထားတဲ့ ထူးထူးဆန်းဆန်း ကားဒီဇိုင်း အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မွန်တာရီ

play

 

အေစီမီလန်နဲ့ ဂါနာကစားသမား ဆူလေမွန်တာရီရဲ့ ကားက မာစီးဒီး G63 ကားအမျိုးအစားပါ။ မြင့်လွန်းပြီး ကားဘီးခြောက်ဘီး ပါလို့ တော်ရုံလူကတော့ မွန်တာရီရဲ့ ကားဒီဇိုင်းကြီးကို ကြိုက်မယ် မထင်ပါဘူး။

စတီဖင် အိုင်ယာလန်

play

 

မန်စီးတီးမှာ ကစားခဲ့တုန်းက ဒီလို ပန်းရောင်ခြယ်ထားတဲ့ Range Rover ကားကိုအိုင်ယာလန် စီးခဲ့တာပါ။ ဘောလုံးကစားသူ အမျိုးသားတစ်ဦးက ပန်းရောင်ကားကို စီးမယ်လို့ ဘယ်သူက ထင်မှာပါလိမ့်။

ဒီအော့ဖ်

play

 

ပရီးမီးယားလိဂ် ကာစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဒီအော့ဖ်ရဲ့ ကားဒီဇိုင်းကတော့ အမိုက်ဆုံးလို့ ပြောနိုင်ပါတယ်။ ရွှေရောင်တဖိတ်ဖိတ် တောက်နေတဲ့ Cadillac Escalade ကားကြီးကတော့ တစ်ခါမြင်ရုံနဲ့ မှတ်မိချင်စရာပါ။

ဘာလော့တယ်လီ

play

 

ပြဿနာခဏခဏ ရှာတဲ့ အီတလီလက်ရွေးစင် ဘာလော့တယ်လီကတော့ တစ်ကားလုံး ပြောက်ကျားဒီဇိုင်း ဆင်ထားတဲ့ ကားကို စီးပါတယ်။

ဝီလျံဂါးလက်စ်

play

 

အာဆင်နယ်ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဝီလျံဂါးလက်စ်ကတော့ ငွေရောင် တဖိတ်ဖိတ် တောက်နေတဲ့ မက္ကလာရင်မာစီးဒီး ကိုစီးပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ