Sports: ဘာစီလိုနာအသင်းကနေ နာရီပိုင်းအတွင်း စာချုပ် ဖျက်သိမ်းခံရတဲ့ ဂွာဒီယိုလာ

ဘာစီလိုနာ အရန်အသင်းနဲ့ လက်မှတ်ရေးထိုးပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ အသင်းရဲ့ တာဝန်ရှိသူတွေက သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်သိမ်းခဲ့တယ်လို့ မာကာ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

play

 

ဘောလုံးကစားသမားတွေအားလုံးအတွက် ဘာစီလိုနာအသင်းအတွက် ကစားပေးဖို့ဆိုတာဟာ အိမ်မက်တစ်ခုလိုပါပဲ။ ဒါပေမယ့် အသက် (၂၄)နှစ်အရွယ် ၊ ဆာဂျီ ဂွာဒီယိုလာကတော့ ဘာစီလိုနာ အရန်အသင်းနဲ့ လက်မှတ်ရေးထိုးပြီးတဲ့ နာရီပိုင်းအတွင်းမှာပဲ အသင်းရဲ့ တာဝန်ရှိသူတွေက သူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်သိမ်းခဲ့တယ်လို့ မာကာ သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

play

 

သူ့ကို ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ (၂) နှစ်က ၄င်းရဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ဘာစီလိုနာအသင်းနှင့် ကတ်တလိုနီးယား အကြောင်းတွေနဲ့ပက်သက်ပြီး ရိုင်းပြတဲ့ စာသားတွေကို တွစ်တာမှာ ဖော်ပြခဲ့တဲအတွက်ဖြစ်ပါတယ်။

play

 

ဂွာဒီယိုလာဟာ ယခုနှစ်အစောပိုင်းက စပိန်ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ ဒုတိယတန်းမှာ ယှဉ်ပြိုင်နေတဲ့ မက်ဒရစ်မြို့အခြေစိုက် အဲလ်ကောကွန် (Alcorcon) ကနေ ဘာစီလိုနာ အရန်အသင်းကို ရောက်ရှိလာခဲ့တာပါ။

Source: BBC

Photo: BBC, radioelda, marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ