Sports: အရှုံးအနိုင် အဖြေပေါ်ဖို့ မလွယ်တဲ့ လက်စတာနဲ့ မန်စီးတီး(ပွဲကြို သုံးသပ်ချက်)

အမှတ်ပေးဇယား အဆင့်-၁ နေရာအတွက် လက်စတာက မန်စီးတီးကို အနိုင်ကစားမှ ရမှာပါ။

play

 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ပိုင်းကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ပွဲစဉ်တစ်ပွဲ ဒီနေ့ ယှဉ်ပြိုင်သွားမှာပါ။ အမှတ်ပေး ဇယားကို အချိန်အတော်ကြာ ဦးဆောင်လာတဲ့ လက်စတာနဲ့ အဆင့်-၄ နေရာက မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်-၁၉ ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်က နိုင်ပွဲယူပြီး အမှတ်ပေးဇယားမှာ အဆင့်-၁ ဖြစ်နေတာကြောင့် လက်စတာက ဒီပွဲကို မနိုင်ခဲ့ဘူးဆိုရင် အဆင့်-၁ နေရာက ဆင်းပေးရတော့မှာပါ။ မန်စီးတီးနိုင်ပွဲရခဲ့မယ်ဆိုရင် လက်စတာနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာ ဖြစ်ပြီး အခုထိပ်ဆုံးရောက်နေတဲ့ အာဆင်နယ်နဲ့ တစ်မှတ်အကွာကို ရောက်သွားမှာပါ။ ဒီနှစ်သင်းရဲ့ရလဒ်က အာဆင်နယ်ထိပ်ဆုံးမှာ ဆက်ရှိ၊မရှိ အဖြေပေးသွားမှာ ဖြစ်ပါတယ်။

ဒဏ်ရာရ ပွဲပယ်

play

 

လက်စတာအသင်းဘက်မှာ ကွင်းလယ်လူ မာရက်ဇ် ပါနိုင်မလား သိပ်မသေချာပါဘူး။ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာ အနည်းငယ်ရသွားလို့ပါ။ ဒရင်ကင်းဝါးတားက လေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်ပြီး ပြန်ပါလာဖို့ များပါတယ်။

မန်စီးတီးဘက်မှာတော့ နောက်ခံလူ အသင်းခေါင်းဆောင် ကွန်ပနီ ပြန်ပါဖို့ သိပ်မသေချာသေးပါဘူး။ တိုက်စစ်မှူး အဂူရိုပွဲထွက်ကတည်းက ပါလာနိုင်ဖွယ် ရှိပါတယ်။

စိတ်ဝင်စားစရာ အချက်အလက်

play

 

ပြီးခဲ့တဲ့ရာသီက အိမ်ကွင်း၊ အဝေးကွင်း နှစ်ပွဲလုံးမှ လက်စတာက မန်စီးတီးကို ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၁ နောက်ပိုင်းကတည်းက လက်စတာက မန်စီးတီးကို သုံပွဲဆက် မရှုံးဖူးပါဘူး။

မန်စီးတီးကလည်း လက်စတာကွင်းမှာ နောက်ဆုံးငါးကြိမ် ကစားထားရာမှာ သုံးပွဲနိုင်ပြီး နှစ်ပွဲသရေကျထားပါတယ်။

၂၀၁၂၊ ၂၀၁၃နဲ့ ၂၀၁၄ ခုနှစ်ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ်တွေမှာ လက်စတာက အမြဲအနိုင်ရခဲ့ပါတယ်။ အခု ၂၀၁၅ ရဲ့ နောက်ဆုံးပွဲမှာ လက်စတာက မန်စီးတီးနဲ့ တွေ့နေတာ ဖြစ်ပါတယ်။

သုံးသပ်ချက်

နှစ်သင်းလုံးအတွက် အလွန်အရေးပါတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လက်စတာအနေနဲ့ အမှတ်ပေးချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ကြောင်း ပြချင်ရင် အခုမန်စီးတီးနဲ့ပွဲမှာ သက်သေပြဖို့ လိုမှာပါ။  လက်စတာကွင်းလည်း ဖြစ်နေတဲ့အတွက် မန်စီးတီး သရေလောက်ပဲ ရပါလိမ့်မယ်။


Source : skysports

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ