Sports: ပရိသတ်တွေကို ဘီယာအလကား တိုက်တဲ့ လက်စတာ

အသင်းကို တစ်ရာသီလုံး စွဲစွဲမြဲမြဲအားပေးလာတဲ့ ပရိသတ်တွေကို လက်စတာက အသိအမှတ် ပြုလိုက်တာ ဖြစ်ပါတယ်။

play

 

ဒီရာသီမှာ ရလဒ်တွေသိပ်ကောင်းနေတဲ့ လက်စတာအသင်းက ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ် တစ်ခု ပြုလုပ်လိုက်ပါတယ်။ ရာသီတစ်လျှောက် အားပေးလာတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အနေနဲ့ အသင်းပိုင်ရှင်က မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ ပရိသတ်တွေကို ဘီယာအခမဲ့ တိုက်ခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့နှစ်က တန်းမဆင်းရအောင် ရုန်းကန်ခဲ့ရပေမဲ့ ဒီရာသီမှာတော့ လက်စတာက အနည်းဆုံး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေတာပါ။ လက်စတာအသင်းပိုင်ရှင် ပရိသတ်တွေအတွက် ဘားတစ်ခု လုပ်ပေးခဲ့တာဖြစ်ပြီး Singha ဘီယာတွေ တိုက်ခဲ့တာဖြစ်ပါတယ်။ Singha ဘီယာက လက်စတာအသင်းရဲ့ စပွန်ဆာကုမ္ပလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ် ၁၉ မှာတော့ လက်စတာက သရေရအောင် ကစားနိုင်ခဲ့ပြီး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Source : joe

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ