Sports: ရီးရဲလ်အသင်း ကိုပါဒယ်ရေးဖလားပြိုင်ပွဲအတွက် ပုံမှန်တရားရုံးများတွင် အယူခံဝင်နိုင်

ရီးရဲလ်မက်ဒရစ်အသင်းသည် ကိုပါဒယ်ရေးဖလားကို ၂၀၁၄ ခုနှစ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို ပွဲချိန် (၈၁) မိနစ်တွင် ဂရတ်ဘေးလ်သွင်းယူခဲ့သည့် အနိုင်ဂိုးဖြင့် (၂ - ၁) ဂိုး အနိုင်ကစားပြီး (၁၉) ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းသည် ဒီဇင်ဘာ (၂) ရက်တွင် ကစားခဲ့သော ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့်၊ ကားဒစ်နှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ကျနေသည့် တောင်ပံကစားသမား ဒဲနစ်ချာရီချက်ဗ်ကို ထည့်သွင်းခဲ့သဖြင့် ယင်းဖလားပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံရမှုအတွက် အယူခံ ဝင်ခဲ့ရာ ပယ်ချခံရသော်လည်း ပုံမှန်တရားရုံးများတွင် အယူခံဝင်နိုင်သေးကြောင်း သိရသည်။

play

 

ချာရီချက်ဗ်သည် ဗီလာရီးရဲလ်တွင် အငှားဖြင့်ကစားစဉ် အဝါကတ်များအတွက် (၁)ပွဲပယ်ပြစ်ဒဏ်ခံယူ နေရမည့်အချိန်ဖြစ်ကာ အဆိုပါ ပွဲတွင်ဝင်ရောက်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းလည်း ပြိုင်ပွဲမှ ထုတ်ပယ်ခံရကာ အယူခံဝင်ရာတွင်လည်း ဘက်ပေါင်းစုံက ငြင်းခုံမှုများကို ကြည့်ပြီးနောက် စပိန်နိုင်ငံ၏ အားကစားရေးရာ စီမံခန့် ခွဲရေးတရားရုံးက ယင်းအယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းသည် ကိုပါဒယ်ရေးဖလားကို ၂၀၁၄ ခုနှစ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအသင်းကို ပွဲချိန် (၈၁) မိနစ်တွင် ဂရတ်ဘေးလ်သွင်းယူခဲ့သည့် အနိုင်ဂိုးဖြင့် (၂ - ၁) ဂိုး အနိုင်ကစားပြီး (၁၉) ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။

Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ