Sports: ပဏာမမြန်မာ့လက်ရွေးစင် အားကစားသမားများ ဆီးဂိမ်းအတွက် စတင်ပြင်ဆင်

 

၂ဝ၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းတွင် မြန်မာအားကစားသမားများ အောင်မြင်မှုရရှိရန်အတွက် ပဏာမမြန်မာ့လက်ရွေးစင် အားကစားသမားများကို အားကစားနည်းအလိုက် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အားကစားလေ့ကျင့်ရေးစခန်းများတွင် ဒီဇင်ဘာလ (၂၉) ရက်နေ့က စတင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။

play

 

နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၁) ၌ ပြေးခုန်ပစ် အားကစားသမားများ ၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ (၃)မျိုးစုံအားကစားနည်းမှ ရေကူး အားကစားသမားများ ၊ နေပြည်တော် လေ့ကျင့်ရေးစခန်း Fitness Center တွင် အလေးမ အားကစားသမားများ ၊ ဝဏ္ဏသိဒ္ဓိ ပိုက်ကျော်ခြင်း လေ့ကျင့်ရေးအားကစားရုံ၌ ပိုက်ကျော်ခြင်း အားကစားသမားများ ၊ ဝဏ္ဏသိဒ္ဓိ Squash အားကစားရုံ၌ Squash အားကစားသမားများ ၊ ဝဏ္ဏသိဒ္ဓိ ဓားခုတ် အားကစားလေ့ကျင့်ရေးရုံ၌ ဓားခုတ် အားကစားသမားများ ၊ ဝဏ္ဏသိဒ္ဓိဘိလိယက် နှင့် စနူကာအားကစားရုံ၌ ဘိလိယက် နှင့် စနူကာအားကစားသမားများသည် သက်ဆိုင်ရာ နည်းပြ၊ အုပ်ချုပ်သူနှင့် တာဝန်ခံများနဲ့အတူ လေ့ကျင့်မှုများ စတင်နေပြီဖြစ်သည်။

play

 

စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၈) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းတွင် မြန်မာအားကစားသမားများသည် ရွှေတံဆိပ် (၁၂) ခု  ၊ ငွေ (၂၆) ခု   ၊ ကြေး (၃၁) ခု ရရှိခဲ့ကာ   ဝူရှုး အားကစားအဖွဲ့မှ ရွှေတံဆိပ် (၃) ခု ဆွတ်ခူးနိုင်ခဲ့သည်။

Source: MOI Webportal Myanmar ၊ ကြံတိုင်းအောင်

Photo: Myanmar Swimming Federation Facebook, southeastasiansports, seagames2015

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ