Sports: မန်ယူတိုက်စစ်မှူးမာရှယ်ကို ချယ်လ်ဆီး ကစားသမား ပြန်တောင်းပန်

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ မှာမန်ယူနဲ့ ချယ်လ်ဆီး တွေ့ခဲ့ကြပြီးတဲ့နောက် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာပါ။

play

 

မန်ယူနဲ့ ချယ်လ်ဆီး ဂိုးမရှိသရေကျခဲ့ပြီးတဲ့ ပွဲအပြီးမှာ ချယ်လ်ဆီး ကစားသမား ဇူးမားက မန်ယူအသင်း တိုက်စစ်မှူး မာရှယ်ကို အင်စတာဂရမ်ကတဆင့် တောင်းပန်လိုက်ပါတယ်။ ပွဲအတွင်းမှာ မာရှယ်အပေါ် ခက်ခက်ခဲခဲ၊ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့အပေါ်ကို ဇူးမားက တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

ဘောလုံးသမားချင်း ဘယ်လောက်ခင်မင်မှု ရှိရှိ ဒီလိုလူမှုကွန်ယက်ကတဆင့် တောင်းပန်တယ်ဆိုတာ အလွန်ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စတစ်ရပ်ပါ။ တစ်ဖက်ကစားသမားက ကိုယ့်ကြောင့် ဒဏ်ရာ ဆိုးရွားရွား ရသွားမှသာ ဒီလိုတောင်းပန်မှုမျိုး လုပ်တက်ကြတာ ဖြစ်ပါတယ်။

play

 

အခုတော့ ဇူးမားက သူ့ရဲ့ဖျက်ထုတ်မှုတွေ အနည်းငယ် ကြမ်းတမ်းခဲ့တဲ့အပေါ် မာရှယ့်ကို နာမည်တပ်ပြီး တောင်းပန်ထားပါ။ “ ဒီနေ့အရမ်းခက်တဲ့ပွဲဆိုပေမယ့် တစ်မှတ်တော့ ရခဲ့ပါတယ်။ မာရှယ့်ကိုကိုတော့ တောင်းပန်ပါတယ်” ဆိုပြီး ဇူးမားက ရေးသားထားတာပါ။

Source : dailymail

Photos: getty

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ