Sports: ဘောလုံးသမားတွေရဲ့ ရူးကြောင်ကြောင် ဆံပင်ပုံစံများ

ခြေစွမ်းသိပ်ကောင်းလွန်းလို့ မဟုတ်ပဲ ဆံပင်ပုံစံကြောင့် နာမည်ကြီးနေတဲ့ ဘောလုံးသမားတွေလည်း ရှိကြပါတယ်။

play

 

ဘောလုံးလောကမှာ ခြေစွမ်းကောင်းရုံတင်မဟုတ်ပဲ အကြောင်းအမျိုးမျိုးကြောင့် လူသိများ၊ နာမည်ကျော်တဲ့ ကစားသမားတွေ ရှိတက်ကြပါတယ်။ လူချကစားတက်လို့၊ မိန်းမရှုပ်လို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ကျော်ကြားသူတွေ ရှိပါတယ်။

ဆံပင်ပုံစံကြောင့် ပိုပြီးကျော်ကြားလာသူတွေလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်မှာ ကြည့်ရဆိုးတဲ့ ဆံပင် ပုံစံကိုပိုင်ဆိုင်ထားတဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပါပဲ။

အန်ဒီကာရိုး

play

 

ဝက်စ်ဟမ်းကစားသမား အန်ဒီကာရိုးက ရုပ်ရည်ကြည့်ကောင်းသူ ဖြစ်ပေမယ့် ကျစ်ဆံမြှီးကေနဲ့ ဖြစ်သွားချိန်မှာတော့ ဒီလိုကြည့်ရဆိုးသွားတော့တာပါပဲ။

ဂျေမီလောရင့်

play

 

ဘရက်ဖို့ဒ် အသင်းကစားသမားဟောင်းဖြစ်တဲ့ ဂျေမီလော့ရင့်စ်ကလည်း တစ်ခေါင်းလုံး အနီဆိုးပြီး ပုံဆိုးပန်းဆိုး ဖြစ်ခဲ့ဖူးပါတယ်။ ကွင်းထဲမှာဆို သူ့ကိုရှာရ အရမ်းလွယ်ပါတယ်။

ဂျိုကိုးလ်

play

 

ချယ်လ်ဆီးကစားသမားဟောင်း ဂျိုကိုးလ်ကလည်း ၂၀၀၂ ခုနှစ်က ပုံထဲကအတိုင် ညှပ်ဖူးပါတယ်။ ဒါကို ဘယ်လိုပုံစံလို့ ပြောရမှန်းတောင်း မသိပါဘူး။

စတာလင်

play

 

မန်စီးတီးကစားမား စတာလင်ကတော့ ဒီဆံပင်ပုံစံ ညှပ်လိုက်တာ သိပ်တောင်မကြာသေးပါဘူး။ အခုတော့ အင်တာနက်လူမှုကွန်ယက်မှာ သူ့ကို နောက်ပြောင်နေတဲ့ troll တွေတောင် ရှိနေပါပြီ။

ဆက်ဂ်ညာ

play

 

အရင်အာဆင်နယ်ကစားသမား ဖြစ်ပြီး၊ အခုမန်စီးတီး ကစားသမား ဖြစ်နေတဲ့ ဆက်ဂ်ညာရဲ့ ဆံပင်ပုံစံကလည်း ကြည့်ရဆိုးတဲ့ အထဲမှာပါဝင်ပါတယ်။ ပြောင်လှတဲ့ နဖူးမှာ အဖြူရောင်ဆိုးပြီး ကျစ်ဆံမြှီးကျစ်ထားတဲ့ ဆံပင်ပုံစံနဲ့ပါ။

ဂါဗင်ဟို

play

 

အာဆင်နယ်ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ဂါဗင်ဟိုကလည်း ဒီလိုပြုံးချင်စရာ ကောင်းတဲ့ ဆံပင်ပုံစံမျိုး ရှိခဲ့ဖူးပါတယ်။

ဆစ်ဆီ

play

 

ကျူပီအာ ကစားသမား ဆစ်ဆေးမှာလည် မိုဟီကန်ပုံစံလို့ခေါ်တဲ့ ဆံပင်ပုံစံမျိုး ရှိပါတယ်။ သူက ခေါင်းရှေ့ကနေအနောက်အထိ အလယ်မှာ တစ်လိုင်းတည်းရှိတဲ့ ဆံပင်ကိုမှ အဖြူဆိုးထားတာပါ။ မုတ်ဆိတ်ကျင်ဆွယ်တွေကိုလည်း အဖြူဆိုးထားပြန်ပါတယ်။

ယွန်းဘတ်

play

 

အာဆင်နယ် ပရိသတ်တွေတော့ သူ့ကိုမှတ်မိကြဦးမှာပါ။ ကတုံးမတုံးခင်တုန်းက ယွန်းဘတ်ကလည်း ဒီလို အူကြောင်ကြောင်ဆံပင်ပုံစံ ရှိခဲ့ဖူးပါတယ်။

တာဘိုဝက်စ်

play

 

နိုင်ဂျီးရီးယား ကစားသမားဖြစ်တဲ့ တာဘိုဝက်စ်ကလည်း ၂၀၀၀ ပြည့်နှစ်လောက်တုန်းက ဒီလိုဆံပင် ပုံစံမျိုးနဲ့ တွေ့ခဲ့ရဖူးပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ