Sports: ဗန်ဟားလ်ကို ဝိန်းရွန်နေး ကယ်တင်မည်

အသင်းခေါင်းဆောင် ရွန်နေးက နည်းပြဗန်ဟားလ် မန်ယူမှာ ဆက်ရှိနိုင်ဖို့ လုပ်ပေးနိုင်လိမ့်မယ်လို့ အသင်းဖော်ဟောင်း ဖာဒီနန်က ပြောပါတယ်။

play

 

မန်ယူအသင်းရဲ့ စံချိန်တင်ရှုံးပွဲတွေကြောင့် ဖိအားအတော်များနေတဲ့ နည်းပြဗန်ဟားလ်ကို ရွန်နေးက ကယ်တင်နိုင်လိမ့်မယ်လို့ အသင်းကစားသမားဟောင်း ဖာဒီနန်က ပြောလိုက်ပါတယ်။ ချယ်လ်ဆီးကို သရေကျခဲ့တဲ့ပွဲအပြီးမှာ မန်ယူအသင်းက ရှစ်ပွဲဆက်နိုင်ပွဲပျောက်တဲ့ အသင်းဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း အသင်းသားတွေကို စိတ်ဓာတ်ခွန်အားတက်လာအောင် လုပ်ပေးနိုင်တဲ့ ရွန်နေးက ဗန်ဟားလ်ကို ကယ်တင်မယ့်သူလို့ ဖာဒီနန်က ပြောတာပါ။ “ ရွန်းနေးလည်း ဒီရလဒ်တွေကြားမှာ အတော်နာကျင်မှာပါ။ သူလည်း ဂိုးမသွင်းနိုင်ဘူးလေ။ ဒါပေမယ့် ချယ်လ်ဆီးနဲ့ ပွဲမှာ အသင်းရဲ့ ကစားပုံ တိုးတက်လာပြီး ရွန်နေးလည်း ခြေစွမ်းကောင်းလာတာပဲ။ ရွန်နေးက အသင်းကို ရလဒ်ကောင်းအောင် လုပ်နိုင်ပါလိမ့်မယ်” လို့ အသင်းဖော်ဟောင်း ဖာဒီနန်က ပြောခဲ့တာပါ။

play

 

အခုတော့ မန်ယူအသင်းက အမှတ်ပေးဇယား အဆင့် -၆ နေရာမှာ ရပ်တည်နေရဆဲပါ။

Source & photos: goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ