Sports: ဘာစီလိုနာအတွက် စံချိန်သစ်နဲ့ မက်ဆီ

အသင်းသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရဖို့ မက်ဆီအတော်လေး အခြေအနေ ကောင်းနေပါပြီ။

play

 

ဒီဇင်ဘာ ၃၀ ရက်နေ့ည ဘာစီလိုနာနဲ့ ဘက်တစ်အသင်းတို့ ကစားမယ့်ပွဲစဉ်မှာ မက်ဆီအတွက် ပွဲ ၅၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ မက်ဆီဟာ ဘာစီလိုနာသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရဖို့လည်း နီးစပ်လာပါပြီ။

ဘာစီလိုနာအသင်း ကစားသမားဘဝတစ်လျှောက်မှာ အသင်းအတွက် ဂိုးပေါင်း ၄၂၄ ဂိုးသွင်းယူပေးထားပါတယ်။ ဒါဟာ ဘာစီလိုနာ သမိုင်းမှာ ဂိုးသွင်းအများဆုံး ကစားသမား စံချိန်ပါ။ ၂၀၀၄ ခုနှစ်က စတင်ပြီး ဘာစီလိနာရဲ့ အသင်းကြီးမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့တဲ့ မက်ဆီဟာ အသင်းနဲ့ အတူ အဓိကဖလား ၂၆ လုံးရရှိထားသူလည်း ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းစတင်တည်ထောင်ပြီး နှစ်ပေါင်း ၁၁၆ နှစ်အတွင်းမှာတော့ အသင်းနဲ့အတူ ပွဲ ၅၀၀ ပြည့်အောင် ကစားနိုင်တာ ကစားသမား ငါးဦးပဲရှိပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့ အတူပွဲ ၅၀၀ ပြည့်အောင် ကစားကြသူတွေကတော့ အသင်းခေါင်းဆောင်ဟောင်း ပူယိုးလ်၊ ဇာဗီ၊ အင်နီယေစတာ၊ မီဂွယ်လီနဲ့ အခု ဘက်တစ်နဲ့ပွဲမှာ စံချိန်ရတော့မယ့် မက်ဆီတို့ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းအတွက် ကစားခဲ့စဉ်အချိန်အတွင်း မက်ဆီတစ်ဂိုးထက် ပိုသွင်းတဲ့ပွဲက ၁၂၀ ပွဲရှိပြီး ဟက်ထရစ်ပေါင်း ၂၇ ကြိမ် ရှိခဲ့ပါတယ်။

Source : espn

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ