Sports: ချယ်လ်ဆီး တန်းဆင်းအန္တရာယ် ရင်ဆိုင်ရမှာကို နည်းပြစိုးရိမ်နေ

ချယ်လ်ဆီးရဲ့ လက်ရှိအခြေအနေအရ တန်းမဆင်းရဘူးဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးထားလို့ မရကြောင်း နည်းပြ ဂုဟစ်ဒင့်က ပြောလိုက်တာပါ။

play

 

နှစ်ပွဲဆက် သရေကျခဲ့ပြီးတဲ့နောက်မှာ ချယ်လ်ဆီးအနေနဲ့ တန်းဆင်းဇုန်ကို ရှောင်ရှားနိုင်ဖို့ဆိုရင် ဒီထက်ပိုပြီး တိုးတက်လာဖို့လိုတယ်လို့ နည်းပြသစ် ဂုဟစ်ဒင့်က ဝန်ခံလိုက်ပါတယ်။ ဂုဟစ်ဒင့် ချယ်လ်ဆီးကို စတင်ကိုင်တွယ်တဲ့နှစ်ပွဲလုံး နိုင်ပွဲမရပဲ သရေပွဲတွေနဲ့သာ အဆုံးသတ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ယူကို သရေကျခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းက အဆင့် -၁၄ နေရာမှာ ရပ်တည်နေပေမယ့် တန်းဆင်းဇုန်နဲ့ သုံးမှတ်သာ ကွာဟထားလို့ စိုးရိမ်နေရပါတယ်။ နည်းပြမော်ရင်ဟိုနေရာကို အစားဝင်လာတဲ့ ဂုဟစ်ဒင့်က ရာသီကုန်အထိ ချယ်လ်ဆီးကို ကိုင်တွယ်သွားရမှာဖြစ်ပြီး သူ့အတွက် ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း သရေကျခဲ့ပါသေးတယ်။

play

 

“ အသင်းက ခက်ခဲနေတဲ့ အချိန်မျိုးမှာ တစ်မှတ်ရတာကိုတော့ ကျွန်တော်ပျော်ပါတယ်။ ကစားတွေရဲ့ စွမ်းရည်ကိုလည်း ကျေနပ်တယ်။ ဒါပေမယ့်ချယ်လ်ဆီး တန်းဆင်းရမှာ မဟုတ်ပါဘူးလို့တော့ တွေးထားလို့ မရဘူး” လို့ မန်ယူနဲ့ပွဲအပြီးမှာ ဂုဟစ်ဒင့်က ပြောခဲ့ပါတယ်။

Source : espn

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ