Sports: တစ်ရာသီတည်းမှာ နည်းပြငါးဦးကို အလုပ်ဖြုတ် တဲ့ ဘောလုံးအသင်း

တူရကီဘောလုံးအသင်းက အထုတ်ခံရတဲ့ နည်းပြဟာ တစ်ရာသီတည်းမှာတင် ငါးဦး ရှိသွားခဲ့ပါပြီ။

play

 

တူရကီအဆင့်မြင့်တန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျန်စလာဘာလီဂျီ အသင်းဟာ တစ်ရာသီတည်းကို ထုတ်လိုက်တဲ့နည်းပြ ငါးဦးအထိ ရှိသွားခဲ့ပါပြီ။ အခုနောက်ဆုံး ထုတ်လိုက်တဲ့ နည်းပြက ယီလ်မက်ဇ်ဗူရယ်ဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပယ်လိုက်တာပါ။

နောက်ဆုံးထုတ်လိုက်တဲ့ နည်းပြက အသင်းမှာ ခြောက်ရက်သာ အလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ နည်းပြ ယီလ်မက်ဇ်ဟာ အသင်းကို တစ်ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး အမှတ်ပေးဇယားအောက်ခြေက အသင်းကို ၀-၂ ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အထုတ်ခံခဲ့ရတာပါ။

play

 

အခုတော့ ဂျန်စလာဘာလီဂျီအသင်းက အဆင့် - ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။ အသင်းမန်နေဂျာတွေက ကစားသမားဝယ်ယူပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း သဘောတူညီမှု မရရင် အသင်းကထုတ်ပယ်ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။

Source & Photos : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ