Sports: လာလီဂါမှာ မက်ဆီထက် (၈) ဂိုး ပိုသွင်းထားတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက အနိုင်ဂိုး (၂) သွင်းယူပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ မက်ဆီထက် သွင်းဂိုး (၈) ဂိုး ပိုသွင်းပြီး လာလီဂါ ဂိုးအများဆုံး သွင်းယူထားသူ လူးဝစ္စဆွာရက်စ် (၁၅ ဂိုး) ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

play

 

၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ (၃၀) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကျတဲ့ လာလီဂါပွဲစဉ်မှာ ရီရဲလ်အသင်းဟာ ရီရဲလ်ဆိုစီဒက်အသင်းကို (၃)–(၁) ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက အနိုင်ဂိုး (၂) သွင်းယူပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းရဲ့ မက်ဆီထက် သွင်းဂိုး (၈) ဂိုး ပိုသွင်းပြီး လာလီဂါ ဂိုးအများဆုံး သွင်းယူထားသူ လူးဝစ္စဆွာရက်စ် (၁၅ ဂိုး) ရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။

play

 

အဆိုပါပွဲစဉ်မှာ ရော်နယ်ဒိုဟာ ပထမဆုံး ပင်နယ်တီ ပြစ်ဒဏ်ဘောကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး ဒုတိယတစ်ကြိမ် အခွင့်အရေးကိုတော့ အမှားယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ထို့အပြင် ပွဲစဉ်တစ်လျှောက် ရော်နယ်ဒိုဟာ တစ်ဖက်အသင်းကို (၈) ကြိမ် ကန်သွင်းခဲ့ရာ ၊ ဂိုးပေါက် (၃) ကြိမ်တည့်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ပွဲ (၅၀၀) မြောက် ပါဝင်ကစားခဲ့တဲ့ မက်ဆီကတော့ (၆) ကြိမ် ကန်သွင်းခဲ့ရာ ၊ ဂိုးပေါက် (၆) ကြိမ် တည့်ခဲ့ပါတယ်။ မက်ဆီဟာ ဥရောပကစားသမားများ၏ အေးဂျင့်များအသင်း (EFAA) နှင့် ဥရောပကလပ်များအသင်း (ECA) တို့ ပူးပေါင်းပေးအပ်ခဲ့တဲ့  Globe Soccer Awards ကိုလည်း ရရှိထားသူတစ်ဦးပါ။

Source & Photo: Espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ