Sports: ဖိလစ်အန်ဒါဆင် မန်ယူရောက်ဖို့ အလွန်နီးစပ်လာ

လာဇီယိုအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင်ဒါန်ဆင်ဟာ လာမယ့်ဇန်နဝါရီလထဲမှာ မန်ယူရောက်ဖို့ အတော်ရေးပန်းစားနေပါပြီ။

play

 

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအသင်းက လာဇီယိုအသင်းကစားသမား အန်ဒါဆင်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လာဇီိယိုအသင်း ကစားသမား ဖိလစ်အန်ဒါဆင်က ကွင်းလယ် ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အသင်းအတွက် ၁၁ ဂိုးသွင်းယူခဲ့သူပါ။

အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဘရာဇီးနွယ်ဖွား အန်ဒါဆင်ကို ခေါ်ဖို့ မန်ယူကို အပြင်းအထန် ကြိုးစားနေတာ နှစ်ပတ်လောက် ရှိပြီလို့ ဆိုပါတယ်။ အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မယ် ဆိုရင် အန်ဒါဆင်အတွက် မန်ယူက ပေါင် ၃၅ သန်းလောက် ပေးရဖွယ် ရှိမယ်လို့ the sun သတင်းစာက ဖော်ပြထားပါတယ်။

play

 

အန်ဒါဆင်ဟာ လာဇီိယိုအသင်းကို ၂၀၁၃ ခုနှစ်မှာ ဘရာဇီးကလပ် ဆန်းတို့စ် အသင်းက ပြောင်းရွှေ့လာသူပါ။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ