Sports: ကစားသမားဟောင်း ဇီဒန်း ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်ပြီ

ဗလန်စီယာအသင်းနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပြီးတဲ့နောက်မှာ ဘင်နီတက်ဇ်ကို ချက်ခြင်းထုတ်လိုက်ပြီး ဇီဒန်းကို အစားထိုးလိုက်ပါတယ်။

play

 

အသင်းရလဒ်များ ဆိုးရွားခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသင်းသည် နည်းပြဘင်နီတက်ဇ်ကို ထုတ်ပယ်လိုက်ပြီးနောက် အသင်းကစားသမားဟောင်း ဇီဒန်းနှင့် အစားထိုးလိုက်သည်။ ကာလိုအန်ဆလော့တီ နေရာတွင် ပြီးခဲ့သည့်ဇွန်လက အစားထိုးဝင်လာခဲ့သည့် ဘင်နီတက်ဇ်သည် ခြောက်လကျော်အကြာတွင် အသင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

play

 

ဗန်လန်စီယာနှင့် ရီးရဲလ်မက်ဒရစ် တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပြီးသည့်နောက်တွင် အသင်းဘုတ်အဖွဲ့နှင့် ဥက္ကဋ္ဌ အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ဘင်နီတက်ဇ်ကိုဖြုတ်ပြီး ဇီဒန်းကို ခန့်အပ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ ဘင်နီတက်ဇ်ကို မထုတ် ခင်က ကစားသမားဟောင်းဇီဒန်းသည် ရီးရဲလ်မက်ဒရစ် ဘီအသင်းကိုင်တွယ်နေခဲ့သူ ဖြစ်သည်။

play

 

နည်းပြသစ် ဇီဒန်း၏ ပထမဆုံးပွဲသည် လာမည့် စနေနေ့တွင်ကစားမည့် ဒီပို့တီပိုနှင့် အိမ်ကွင်းပွဲစဉ် ဖြစ်လာမည် ဖြစ်သည်။

Source : BBC

Photos : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ