Sports: ဇီဒန်း ရလဒ်မကောင်းပါက မော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်ခန့်အပ် သွားနိုင်

မော်ရင်ဟိုဟာ ရီးရဲလ်အသင်းနဲ့အတူ ၂၀၁၀-၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းအမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ဖလားများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

ရီးရဲလ်အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ရာမွန်ကယ်ဒါရွန် (Ramon Calderon) က ရီးရဲလ်အသင်းနည်းပြအဖြစ်ခန့်အပ်လိုက်တဲ့ ဇီဒန်းအနေနဲ့ အခုရာသီမှာ ရလဒ်မကောင်းခဲ့ရင် ယခင်နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုက ပြန်လည်ကိုင်တွယ်ဖို့ သေချာသလောက်ရှိတယ်လို့ BBC Radio 5 live သို့ ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲလ်အသင်းဟာ ဘင်နီတက်ဇ်ကို နည်းပြခန့်အပ်ခဲ့ပြီးနောက် (၇) လ အကြာမှာ ရလဒ်များ ဆိုးရွားနေတာကြောင့် ပြင်သစ်ဂန္တဝင်ကစားသမား ဇီဒန်းနဲ့ အစားထိုးခဲ့တာဖြစ်ပြီး ၊ ရာမွန်ကယ်ဒါရွန်က ဇီဒန်းအနေနဲ့ နည်းပြအတွေ့ကြုံ နည်းပါးနေသေးတဲ့အတွက် စိန်ခေါ်မှုတွေ ကြုံတွေ့ဖို့များပြီး ခက်ခဲမယ်လို့ ဆိုပါတယ်။

play

 

ဒါ့အပြင် ချန်ပီယံလိဂ်နဲ့ ကိုပါဒဲလ်ရေး ဖလားကို ရယူပေးခဲ့တဲ့ နည်းပြ ကာလိုအမ်ဆန်လော့တီနေရာကို ဘင်နီတက်ဇ်နဲ့ အစားထိုးခဲ့တဲ့ ရီးရဲလ်အသင်းဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ် ကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။

မော်ရင်ဟိုဟာ ရီးရဲလ်အသင်းနဲ့အတူ ၂၀၁၀-၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်းအမှတ်ပေးချန်ပီယံနှင့် ရှုံးထွက်ဖလားများကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ