Sports: အသင်းအပေါ် အလွန်စိတ်ပျက်နေတဲ့ ဘေးလ်ကို ခေါ်ယူဖို့ မန်ယူ ပစ်မှတ်ထား

နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ခဲ့ပြီးချိန်ခါမှာ ထုတ်ပယ်ခဲ့ရပြီး ဇီဒန်းနဲ့ အစားထိုးခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

play

 

ရီးရဲလ်အသင်းနည်းပြ အပြောင်းအလဲဖြစ်ပြီဆိုတာနဲ့ နောက်ထပ် သတင်းထွက်လာလေ့ရှိတာကတော့ အသင်းရဲ့ ကစားသမား အပြောင်းအရွှေ့သတင်းတွေဖြစ်ပါတယ်။

play

 

The Times က ထုတ်ပြန်တဲ့ သတင်းအရ ရီးရဲလ်တောင်ပံကစားသမား ဘေးလ် တစ်ယောက်ဟာ နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ခဲ့ပြီးချိန်ခါမှာ ထုတ်ပယ်ခဲ့ရပြီး ဇီဒန်းနဲ့ အစားထိုးခဲ့တဲ့အတွက် အလွန်စိတ်ပျက်နေတယ်လို့ သိရပါတယ်။

play

 

မန်ယူအသင်းအနေနဲ့လည်း ၄င်းတို့ စိတ်ဝင်စားတဲ့ ဘေးလ် ကိုခေါ်ယူသွားဖို့အတွက် ရီးရဲလ်ကတောင်းဆိုတဲ့ ပမဏကို ညှိနှိုင်းသွားဖို့ အလားလာရှိပေမဲ့လည်း ရီးရဲလ်လက်ရှိဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်ကတော့ သူ့ရဲ့ကြယ်ပွင့်ကစားသမားကို စတာလင်ပေါင် (၁၅၀) သန်း စပေးမှ လက်လွှတ်သွားမယ်လို့ သတိပေးထားပါတယ်။

Source & Photo: ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ