Sports: ဇနီးကိုတစ်ပတ်ရိုက်ပြီး သမီးနာမည်ကို အာဆင်နယ်အမည် ပေးခဲ့တဲ့ အာဆင်နယ်ပရိသတ်

ပထမတော့ အာဆင်နယ်ဆိုတဲ့ အမည်ကြီးသမီးရဲ့ နာမည်မှာ တိုက်ရိုက်ပါနေမှာကို သူ့ရဲ့ဇနီးဖြစ်သူက သဘောမတူခဲ့ပါဘူး။

play

 

အာဆင်နယ်အသင်းကို အသည်းစွဲ အားပေးတဲ့ သြစတြေးလျက ပရိသတ်ဖခင်တစ်ဦးဟာ သူ့ရဲ့ သမီးလေး နာမည်ကို အာဆင်နယ်ဆိုတဲ့ နာမည်ပါအောင် မှည့်တွင်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ သူ့ရဲ့ဇနီးက သဘောမတူခဲ့တဲ့အတွက် လှည့်ကွက်အချို့ သုံးခဲ့ရပါတယ်။

play

 

သမီးကလေးကို အာဆင်နယ်နာမည်ပါအောင် ပေးချင်ခဲ့ပေမယ့် သူ့ရဲ့ဇနီးဖြစ်သူက  သဘောမတူပါဘူး။ ဒီတော့ Arsenal ရဲ့စာလုံပေါင်းကို  ပြောင်းပြန်လှန်ပြီး Lanesra ဆိုတဲ့ အမည်ပေးခဲ့ပါတယ်။ ဒီတော့မှ သူ့ရဲ့ဇနီးက  အတော်သဘောကျသွား ပါတယ်။ သမီးလေးရဲ့နာမည်ကလှပြီး ရိုမန်တစ်ဆန်တယ်လို့ သူ့ဇနီးက ထင်ခဲ့ပါတယ်။

play

 

ဒီနာမည်ဟာ အာဆင်နယ်အသင်းကို နောက်ပြန်စာလုံးပေါင်းထားမှန်း နောက်ထပ်နှစ်နှစ်နေမှ သူ့ဇနီးသိခဲ့ရပါတယ်။ ဒီပရိသတ်ကတော့ အခြားအာဆင်နယ်အသင်း ပရိသတ်တွေရဲ့ လေးစားမှုကို ရနေပြီဆိုတာ အသေအချာပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ