Sports: ဘင်နီတက်ဇ်ကို ထုတ်ပစ်ရတဲ့ အကြောင်းပြချက် (၅) ခု

ဘင်နီတက်ဇ်ကို ရီးရဲလ်မက်ဒရစ် အသင်းထုတ်ပစ်ရတဲ့ အကြောင်းအရင်း (၅) ခုရှိပါတယ်။

play

 

ဗလန်စီယာကို ရီးရဲလ်မက်ဒရစ် သရေကျပြီး နောက်တစ်နေ့မှာပဲ ရီးရဲလ်မက်ဒရစ် ဘုတ်အဖွဲ့က နည်းပြရာဖေးဘင်နီတက်ဇ်ကို ထုတ်လိုက်ပါတယ်။ သိပ်တော့ထူးဆန်းတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။ အစကတည်းက ပရိသတ်အကြိုက် သိပ်မဖြစ်ခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အနှေးနဲ့အမြန် ဒီကိစ္စကြုံရမယ် ဆိုတာ အားလုံးသိခဲ့ပြီးသားပါ။ ဘင်နီတက်ဇ်ကို ထုတ်ပစ်ခဲ့ရတဲ့ အကြောင်းပြချက်တွေ များစွာရှိမှာပါ။ အဲဒီအထဲက အဓိက အကြောင်းပြချက် (၅) ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ရော်နယ်ဒို ခြေစွမ်းမပြနိုင်ခြင်း

play

 

ဘင်နီတက်ဇ်ရောက်လာပြီးကတည်းက ရော်နယ်ဒို ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပူးတုန်းက အလွန်ဆို၊ ချယ်လ်ဆီးတုန်းက ဂျွန်တယ်ရီ၊ စတဲ့ အသင်းအဓိက ကစားသမားတွေလည်း ဘင်နီတက်ဇ်လက်အောက်မှာ ဒီလိုဖြစ်ခဲ့ဖူးပါတယ်။

၂။ ဘာစီလိုနာကို အရှက်တကွဲ ရှုံးခြင်း

play

 

နိုဝင်ဘာလတုန်းက ဘာစီလိုနာကို အရှက်တကွဲ ရှုံးခဲ့တာကစလို့ ဘင်နီတက်ဇ် ထုတ်ပယ်ခံရဖို့ဟာ စတင်လာခဲ့တာပါ။ ခါးသီးပြိုင်ဘက်ကို လေးဂိုးပြတ်ရှုံးခဲ့တာကလည်း ဘုတ်အဖွဲ့အတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ပါတယ်။

၃။ ကစားကွက် ပျောက်ဆုံးနေခြင်း

play

 

ဘင်နီတက်ဇ်လက်ထက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကိုယ်ပိုင်ဟန်တွေပျောက်ဆုံးနေခဲ့တယ်လို့ ပြောကြပါတယ်။ ရီးရဲလ်အသင်းရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ လျှင်လျှင်မြန်မြန် ကစားခြင်းနဲ့ စိတ်လှုပ်ရှားစရာတွေကို ဘင်နီတက်ဇ် မပေးနိုင်ခဲ့ပါဘူး။

၎။ စပိန်ဘုရင့်ဖလားမှ အထုတ်ခံရခြင်း

play

 

စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ ကာဒစ်ဇ် အသင်းနဲ့ကစားပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ် ထွက်သွားရပါတယ်။ အကြောင်းကတော့ ပွဲပယ်ခံထားရတဲ့ ကစားသမားကို အသုံးပြုမိခဲ့လို့ပါ။

၅။ လူကြိုက်မများခြင်း

play

 

ပရိသတ်တွေကလည်း ဘင်နီတက်ဇ်လက်ထဲက ရီးရဲလ်မက်ဒရစ်ကို ပျင်းရိငြီးငွေ့နေကြတာပါ။ မီဒီယာတွေနဲ့ ဘင်နီတက်ဇ်ထိတွေ့မှု အားနည်းတာကလည်း ပရိသတ်ရဲ့ အာရံကို ဖမ်းစားနိုင်စွမ်းမှာ လျော့ကျခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ