Sports: စတုတ်စီးတီးကွင်းမှာ လီဗာပူး ရလဒ်ကောင်းဖို့ မလွယ်ပါ (ပွဲကြိုသုံးသပ်ချက်)

လီဗာပူး အသင်ဘက်ကမှာ တိုက်စစ်မှူးစတာရစ်ခ်ျ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။

play

 

ပရီးမီးယားလိဂ်ပွဲတွေ ကြည့်ခဲ့ရပြီးတဲ့နောက် ကြားရက်တွေအတွင်းမှာ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ကြည့်ကြရဦးမှာပါ။ စတုတ်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီကနေ့ည(ဒီဇင်ဘာ ၆ ရက်၊ နံနက် ၂း၁၅ နာရီ) မှာ ကစားကြမှာဖြစ်ပြီး အဲဗာတန်နဲ့ မန်စီးတီးပွဲစဉ်ကို နောက်တစ်ရက်မှာ ကစားကြရမှာပါ။

လီဗာပူးအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ သိပ်မကောင်းလှတဲ့ အသင်းဖြစ်နေပါတယ်။ နောက်ဆုံး ၇ ပွဲမှာ နှစ်ပွဲပဲ နိုင်ထားတဲ့ လီဗာပူးရဲ့ အခြေအနေက သိပ်တော့မကောင်းလှပါဘူး။ စတုတ်စီးတီးနဲ့ လီဗာပူးကတော့ ပြောင်းပြန်ပါ။ စတုတ်စီးတီးက နောက်ဆုံး ဆယ်ပွဲမှာ ခြောက်ပွဲအထိ နိုင်ထားတဲ့ အသင်းဖြစ်နေပါတယ်။

play

 

လီဗာပူးအတွက် နောက်ထပ် သတင်းဆိုးက တိုက်စစ်မှူးစတာရစ်ခ်ျ ဒီပွဲမှာ ပြန်ပါနိုင်ဖို့ မရှိသေးတာပါပဲ။ နောက်ခံလူ စကာတယ်လည်း ပါနိုင်ဖို့ မကျိမ်းသေ ဖြစ်နေပါတယ်။ ဘန်တီကီကို အထောင်တိုက်စစ်မှာ ထားပြီး လီဗာပူး ပွဲထွက်လာဦးမယ့် သဘောပါ။ စတုတ်စီးတီးဘက်မှာလည်း အိုင်ယာလန်နဲ့ ပီတာခရော့်ခ်ျ ပါနိုင်မှာ မဟုတ်ပါဘူး။

နိုင်ပွဲတွေပျောက်နေလို့ ဖိအားများနေတဲ့ လီဗာပူးအတွက် ရလဒ်မကောင်းခဲ့ရင် ပိုပြီး ဖိအားများသွားမယ့် ပွဲဖြစ်ပါတယ်။ ပုံမှန်ခြေစွာနေတဲ့ စတုတ်စီးတီး ခြေထပ်မှန်ခဲ့မယ်ဆိုရင် လီဗာပူး နိုင်ဖို့ တော့ မလွယ်ပါဘူး။ စတုတ်စီးတီး အိမ်ကွင်းလည်း ဖြစ်နေပြန်ပါတယ်။ လီဗာပူး သရေလောက်တော့ ရပါလိမ့်မယ်။

Source : sportsmole

Photos : NBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ