Sports: ဂျပန်မှာ ပြုလုပ်မယ့် အမျိုးသမီး ဘောလုံးပွဲတော်မှာ မြန်မာလည်း ဝင်ပြိုင်မယ်

ပြိုင်ပွဲဝင်မယ့် ကစားသမားတွေဟာ အ.ထ.က (၁) လမ်းမတော်ကို ၂၀၁၆ ဇန်န၀ါရီ ၁၀ ရက်နေ့ အရောက်လာရမှာဖြစ်ပြီး ပြိုင်ပွဲကာလမတိုင်မီ စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ။

play

100 PLUS Cup ပြိုင်ပွဲမှာ တွေ့ရတဲ့ U-13 မြန်မာအမျိုးသမီး ဘောလုံးကစားသမားများ

ဂျပန်မှာ ကျင်းပမယ့် အသက် ၁၄ နှစ်အောက် အမျိုးသမီး ဘောလုံးပွဲတော် (U-14 Girls Football Festival 2016)ကို မြန်မာနိုင်ငံကလည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီပြိုင်ပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံအပါဝင် ဂျပန်နိုင်ငံမှ ကိုယ်စားပြု (၂)သင်း၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်အသင်းတို့လည်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကစားသမားများ အယောက် ၃၀ ကို ပဏာမ ရွေးချယ်ထားပြီးပါပြီ။

ရွေးချယ်ထားတဲ့ ကစားသမားတွေက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့က လူငယ်များ ဖြစ်ပြီး လူရွေးပွဲကိုတော့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၂၂ မှ နိုဝင်ဘာ ၁ ရက်နေ့အထိ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Source & Photo : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ