Sports: ကချင်လက်ဝှေ့သမား အောင်လအန်ဆန်း ရန်ကုန်ရောက်ပြီ

မတ်လအတွင်း ရန်ကုန်မှာ ပြုလုပ်သွားမယ့် ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ အောင်လအန်ဆန်းလည်း ပါဝင်မှာပါ။

play

Photo: Phyo Hein Kyaw facebook

မတ်လအတွင်းမှာ ထိုးသတ်မယ့် ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲအတွက် အမေရိကန် MMA တိုက်ခိုက်ရေးသမား အောင်လအန်ဆန်း မြန်မာပြည်ကို ဒီနေ့ဒီဇင်ဘာ ၆ ရက်နေ့မနက်ပိုင်းက ရောက်လာခဲ့ပါတယ်။ မတ်လမှာ ထိုးသတ်မယ့်အတွက် သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ရောက်လာခဲ့တာလို့ အောင်လအန်ဆန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာထားပါတယ်။

play
play

 Photo : Phyo Hein Kyaw facebook

မတ်လအတွင်း ကျင်းပမယ့် ဝမ်းချန်ပီယံရှစ် ထိုးသတ်ပွဲမှာ အမေရိကန် MMA လက်ဝှေ့သမား အောင်လအန်ဆန်းရဲ့ ပြိုင်ဘက် ဘယ်သူဖြစ်မလဲဆိုတာ မသိရသေးပါဘူး။ အမေရိကန် ချန်ပီယံရှစ်ပြိုင်ပွဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်းက မြန်မာပြည်မှာလုပ်တဲ့ ပထမအကြိမ် ဝမ်းချန်ပီယံရှစ်ပြိုင်ပွဲ ကတည်းက လာရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့ ပျက်ပြယ်ခဲ့ရ ပါတယ်။

Source : aung la n Aung La Nsang(Burmese Python) facebook

Photos : Phyo Hein Kyaw facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ