Sports: တစ်နှစ်တာ အကောင်းဆုံးဆုရတဲ့ ရွန်းနီ

၂၀၁၅ ခုနှစ်ထဲမှာ အင်္ဂလန်အသင်းအတွက် ၅ ဂိုး သွင်းယူပေးနိုင်ခဲ့သူပါ။

play

 

အင်္ဂလန်အသင်းရဲ့ ၂၀၁၅  ခုနှစ်အတွက် အကောင်းဆုံး ကစားသမားအဖြစ် မန်ချက်စတာယူနိုက်တက် ကစားသမား ဝိန်းရွန်းနီကို ပရိသတ်တွေက မဲပေးရွေးချယ်လိုက်ကြပါတယ်။

အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံရတဲ့အတွက် ၂၀၁၅ ဟာ သူ့အတွက် ခမ်းနားကြီးကျယ်တဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်လို့ ဝိန်းက ပြောပါတယ်။ သူ့ရဲ့ ကျေးဇူးတင်စကားကိုလည်း လူမှုကွန်ရက် အကောင့်တွေမှာ ရေးသားဖော်ပြထားပါတယ်။

" တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ခံရတာဟာ အလွန်ကို ကြီးမားတဲ့ ချီးမြှောက်ဂုဏ်ပြုမှုပါပဲ။ မဲပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ရေးသားထားပါတယ်။

play

ဒါ့အပြင် ယူ-၂၁ အကောင်းဆုံး ကစားသမားဆုရသွားတဲ့ စတုတ်စီးတီး ဂိုးသမား ဘတ်တ်လန်ကိုလည်း ဂုဏ်ပြုစကား ပြောထားပါသေးတယ်။ 

Source & Photo : Wayne Rooney Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ