Sports: ဂွာဒီိယိုလာ ဘိုင်ယန်မြူးနစ်က ထွက်ရတဲ့ အကြောင်းအရင်း

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ရာသီကုန်ရင် အသင်းက ဘာကြောင့်ထွက်ဖို့ စီစဉ်ထားသလဲ ဆိုတာကို ထုတ်ပြောလိုက်ပါတယ်။

play

 

ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲမယ့် နည်းပြပက်ဂွာဒီိယိုလာက အင်္ဂလန်ပရီးမီးယားလိဂ်မှာ နည်းပြလုပ်ဖို့အတွက် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲမှာ ဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒီစကားကြောင့် နောက်တစ်ရာသီမှာ မန်စီးတီး အသင်းကို ဂွါဒီယိုလာ ရောက်လာဖို့ သေချာသလောက် ရှိသွားခဲ့ပြီလို့ ဗြိတိန် မီဒီယာအချို့က သုံးသပ်ကြပါတယ်။

play

 

ဒါပေမဲ့လည်း ဂွါဒီယိုလာနဲ့ မန်စီးတီးအကြား တရားဝင် သဘောတူထားတာမျိုး မရှိသေးပါဘူး။ ဒါကြေင့် ဂွါဒီယိုလာကို ခေါ်မယ့်အရေးမှာ အာဆင်နယ်၊ ချယ်လ်ဆီး၊ မန်ယူတို့နဲ့အတူ မန်စီးတီးက ယှဉ်ပြိုင်ရနိုင်ပါတယ်။ အင်္ဂလန်အသင်းတွေ ဘက်က ကမ်းလှမ်းမှုပေါင်းများစွာလည်း ရရှိထားတယ်လို့ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။ ဒါဟာ မန်ချက်စတာ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ မန်စီးတီးတို့ဘက်က ကမ်းလှမ်းထားတယ်ဆိုတဲ့ လက္ခဏာပါပဲ။

play

 

ကမ်းလှမ်းမှုတွေ ရရှိထားပေမဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ မချရသေးဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။ သူ့ရဲ့အသက်က ငယ်သေးတာကြောင့် စိန်ခေါ်မှုအသစ်တွေကို ဆက်ပြီး ရှာနေဦးမှာပဲလို့ ဆိုခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ