Sports: ပရီးမီးယားလိဂ်မှာ ဆက်နေချင်တဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ် အသင်းတွေကိုပဲ နည်းပြလုပ်ချင်တဲ့အတွက် ရီးရဲလ်မက်ဒရစ်က ပြန်ခေါ်တာကိုတောင် မော်ရင်ဟို မသွားခဲ့ပါဘူး။

play

 

ရီးရဲလ်မက်ဒရစ် အသင်းက နည်းပြဘင်နီတက်ဇ်ကိုထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နည်းပြဟောင်း မော်ရင်ဟိုကို ပြန်ခေါ်ဖို့ ဆက်သွယ်ခဲ့ကြောင်း ဒေးလီးမေရာသတင်းစာက ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။

မော်ရင်ဟိုကို ကမ်းလှမ်းလို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားဟောင်း ဇီဒန်းကို နည်းပြချုပ်အဖြစ်ခန့်အပ်လိုက်တာပါ။ မော်ရင်ဟိုအနေနဲ့ ချယ်လ်ဆီးနဲ့ လမ်းခွဲခဲ့ပြီးနောက် ပရီးမီးယားလိဂ် နောက်ထပ်အသင်းတစ်သင်းကိုပဲ ကိုင်တွယ်ဖို့ ဆန္ဒရှိခဲ့တာကြောင့် အခုလို ငြင်းပယ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာကြောင့် မော်ရင်ဟိုဟာ နောက်တစ်ရာသီမှာ မန်ယူအသင်းကို ကိုင်တွယ်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေ ပြန်ထွက်လာပါတယ်။ ဒါပေမဲ့ မန်ယူအသင်းက နည်းပြဗန်ဟားလ်လက်အောက်မှာ ရလဒ်အဆိုးရွားဆုံး အခြေအနေ ကြုံခဲ့ရတာတောင် မထုတ်ပယ်ဘဲ စိတ်ရှည်ရှည် စောင့်ဆိုင်းထားခဲ့တဲ့အတွက် မော်ရင်ဟို မန်ယူရောက်၊ မရောက်ဟာ ပြောရခက်တဲ့ အခြေအနေ ဖြစ်လာပါတယ်။

Source & Photos : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ