Sports: ဘောလုံး လိုက်ဖမ်းရင်း ဂျေဆင် ဒေးရဲ့ ဇနီးအပေါ် ပြုတ်ကျခဲ့တဲ့ လီဘရွန်ဂျိမ်းစ်

လီဘရွန်းဂျိမ်းစ်ဟာ ပွဲကစားပြီးတဲ့အချိန်မှာ ဂျေဆင် ဒေးရဲ့ ဇနီးဖြစ်သူထံ သွားရောက် သတင်းမေးမြန်းခဲ့ရာ သူမအနေနဲ့ အားလုံး အဆင်ပြေကြောင်း ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

play

 

ကလိဖ်လမ်း ကာဗာလီယာအသင်း (Cleveland Cavaliers) ရဲ့  ကြယ်ပွင့်ကစားသမား လီဘရွန်ဂျိမ်းစ် (LeBron James) တစ်ယောက်ဟာ အိုကလာဟိုးမား စီးတီး (Oklahoma City) အသင်းကို (၁၀၄-၁၀၀) နဲ့ အနိုင်ရခဲ့တဲ့ ဘတ်စကတ်ဘော ပွဲစဉ်မှာ ဘောလုံးလိုက်ဖမ်းရင်း ကမ္ဘာ့အဆင့် (၂) ဂေါက်သီးကစားသမား ဂျေဆင်ဒေးရဲ့ (Jason Day) ဇနီးဖြစ်သူအပေါ်ကို ပြုတ်ကျခဲ့ပါတယ်။

play

 

စတုတ္ထပိုင်း ပွဲပြီးဆုံးခါနီး စက္ကန့် (၃၀) အလိုမှာဖြစ်ပွားခဲ့တဲ့ အဆိုပါ ထိခိုက်မှုကြောင့် ဂျေဆင် ဒေးရဲ့ ဇနီိးဖြစ်သူဟာ ဆေးရုံကို ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပါတယ်။ လီဘရွန်းဂျိမ်းစ်ဟာ ပွဲကစားပြီးတဲ့အချိန်မှာ ဂျေဆင် ဒေးရဲ့ ဇနီးဖြစ်သူထံ သွားရောက် သတင်းမေးမြန်းခဲ့ရာ သူမအနေနဲ့ အားလုံး အဆင်ပြေပါတယ်လို့ ပြောပါတယ်။

play

 

အဆိုပါဖြစ်ရပ်ကြောင့် အန်ဘီအေ (NBA) ပွဲစဉ်တွေမှာ ကွင်းဘေးရှိ ပွဲကြည့်သူတွေအတွက် လုံခြုံရေးကိစ္စကို ပြန်လည် ဆွေးနွေးစရာတစ်ခုဖြစ်လာခဲ့ပေမဲ့ အန်ဘီအေ ဘက်ကတော့ ချက်ခြင်း မှတ်ချက်ပေးခဲ့တာမျိုး မရှိသလို ဂျိမ်းစ် အနေနဲ့ အခုလို ကွင်းဘေးမှာ ပွဲကြည့်နေသူတွေအတွက် ဒါဟာ စိတ်ပူပင်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ပြောပါတယ်။

Source: ESPN

Photo: natashanotables, telegraph, newsweek

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ