Sports: တောင်ကိုရီးယား မြားပစ်အဖွဲ့နှင့် မြန်မာ့လက်ရွေးစင်မြားပစ်အဖွဲ့ လေ့ကျင့်မှုပြုလုပ်နေ

တောင်ကိုရီးယား အဖွဲ့သည် ဇန်နဝါရီ (၂) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် အုပ်ချုပ်/နည်းပြ(၄)ဦးနှင့် အာရှ ရွှေတံဆိပ်ဆုရ Recurve အားကစားသမား (၄)ဦး ပါဝင်သည်။

play

 

၂၉-ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲများအတွက် အကြိုလေ့ကျင့်မှုများပြုလုပ်နေသည်ဟု သိရသည်။ အဆိုပါ လေ့ကျင့်မှုကို ရန်ကုန်မြို့၊ ကျိုက္ကဆံလမ်း၊ မြန်မာနိုင်ငံမြားပစ်ကွင်း၌ အာရှမြားပစ်ပြိုင်ပွဲရွှေတံဆိပ်ဆုရှင် ၄-ဦးပါဝင်သည့် တောင်ကိုရီးယား အဖွဲ့၊ ဂါဝန်ဒိုပြည်နယ် မြားပစ်အဖွဲ့တို့နှင့်အတူ (၃.၁.၂၀၁၆) မှ (၂၀.၁.၂၀၁၆)ရက်နေ့အထိ ပူတွဲလေ့ကျင့်များပြု လုပ်သွားမည်ဖြစ်သည်။

အဆိုပါ အဖွဲ့သည် ဇန်နဝါရီ (၂) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ အပါအဝင် အုပ်ချုပ်/နည်းပြ(၄)ဦးနှင့် အာရှ ရွှေတံဆိပ်ဆုရ Recurve အားကစားသမား (၄)ဦး ပါဝင်သည်။

play

 

ထို့အပြင် ပူးတွဲလေ့ကျင့်စဉ်အတွင်း (၂) နိုင်ငံ လက်ရည်စစ်ပြိုင်ပွဲများကိုပါ ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် မြားပစ်အားကစားအဖွဲ့သည်  အနီးကပ်ဆုံးပြိုင်ပွဲအဖြစ် ၂၀၁၆ ခုနှစ် ၊ ဇန်န၀ါရီလ (၂၃) ရက်မှ (၂၄) ရက်အထိ  ရန်ကုန်မြို့၌ ကျင်းပမည့် (၅)ကြိမ်မြောက် အရှေ့တောင်အာရှ တံခွန်စိုက်မြားပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Source: 7 Day Daily

Photo: Myanmar Archery Team Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ