Sports: လေ့ကျင့်ရေးကွင်းက ဒေါက်ဂလက်စ်ရဲ့ ဘောလုံးစွမ်းရည်

လေ့ကျင့်ရေးကွင်းမှာ ပြသွားတဲ့ ဘိုင်ယန်ကစားသမား ကော်စတာရဲ့ ဘောလုံးစွမ်းရည်က အထင်ကြီးစရာပါ။

play

 

ဘိုင်ယန်မြူးနစ်မှာ ဒီရာသီ သိပ်ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ် ကစားသမား ဒေါက်ဂလက်စ်ကို ပရိသတ် အတော်များများ သိထားပြီးကြလောက်ပါပြီ။ ရာသီဝက် အရောက်မှာတင် အသင်းအတွက် လေးဂိုးသွင်းပြီး ဂိုးဖန်တီးပေးမှု ကိုးကြိမ် ပြုလုပ်ထားတဲ့ ကစားသမားပါ။

ဒီကစားသမား ကို ရှက်တာဒိုးနက်ထံကနေ ယူရိုသန်း ၃၀ နဲ့ ပြီးခဲ့တဲ့ ရာသီက ခေါ်ယူခဲ့တာပါ။ အခုတော့ ဘိုင်ယန်မြူးနစ် တောင်ပံတိုက်စစ်မှာ အရမ်းအလုပ်ဖြစ်နေတဲ့ ကစားသမား ဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ထုတ်ပြသွားတဲ့ သူ့ရဲက ဘောလုံးစွမ်းရည်ကလည်း အံ့မခန်းပါ။

play

 

ဂိုးပေါက်နဲ့ ဘေးတိုက် ယှဉ်လျှက်ရှိနေတဲ့ ဘောလုံးကို ခြေနှစ်ဖက် တစ်ပြိုင်တည်း အသုံးပြုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဂိုးထဲရောက်အောင်သွင်းယူလိုက်တာပါ။ ပြေးလာရင်နဲ့ ရုတ်တရက် ကန်လိုက်တာ ဖြစ်လို့ တစ်ခါမက နှစ်ခါသုံးခါ ပြန်ကြည့်ရတဲ့ ကျွမ်းကျင်မှု ဖြစ်ပါတယ်။

Source : ESPN

Photos : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ