Sports: အဲဗာတန် - မန်စီးတီ ဘယ်သူ ဗိုလ်လုပွဲ ရောက်မလဲ

ကက်ပီတယ်ဝမ်းဖလား အကြိုဗိုလ်လုပွဲကို ဒီကနေ့ည ဆက်ပြီး ကစားကြရဦးမှာပါ။

play

 

မနေ့ညက စတုတ်စီးတီးနဲ့ လီဗာပူး အသင်းတို့ရဲ့ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ကစားခဲ့ကြပြီးတဲ့နောက် ဒီနေ့ညမှာ အဲဗာတန်နဲ့ မန်စီးတီးတို့ရဲ့ ပထမအကျော့ ပွဲစဉ်ကို ကစားကြရဦးမှာပါ။ နှစ်သင်းလုံးအတွက် အရေးပါဖလားရဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်းသာ လိုတော့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဘက်မှာ ကွင်းလယ်ကစားသမား ယာယာတိုယေး ဒဏ်ရာကြောင့်ပါနိုင်မှ မဟုတ်ပါဘူး။ အဲဗာတန်တန်ဘက်ကလည်း အားထားရတဲ့ နောက်ခံလူ ဂျာဂျီရယ်ကာ မပါနိုင်သေးပါဘူး။ နောက်ထပ် မန်စီးတီးဘက်က မပါနိုင်တဲ့ ကစားသမားနှစ်ဦးကတော့ ကွင်းလယ်ဖန်တီးတီးရှင်နာဆရီနဲ့ အသင်းခေါင်းဆောင် ကွန်ပနီဖြစ်ပါတယ်။

play

 

အဲဗာတန်က မန်စီးတီးနဲ့ လိဂ်ဖလားပြိုင်ပွဲမှာ နှစ်ကြိမ်ဆုံဖူးပါတယ်။ ၁၉၈၇-၈၈ ဘောလုံးရာသီတုန်းက အဲဗာတန် နိုင်ခဲ့ပြီး ၁၉၆၉-၇၉ ဘောလုံးရာသီတုန်းကတော့ အဲဗာတန် ရှုံးခဲ့ပါတယ်။ မန်စီးတီးအတွက် အားသာချက်ကတော့ ၂၀၁၀ နောက်ပိုင်း လိဂ်ဖလား အဝေးကွင်းကစားရာမှာ မန်စီးတီး လုံးဝမရှုံးဖူးသေးတဲ့ အချက်ပါပဲ။

သတိထားရမှာကတော့ အဲဗာတန်တိုက်စစ်မှူး လူကာကူပါ။ လူကာကူက ဒီရာသီ လိဂ်ဖလား(ကက်ပီတယ်ဝမ်း) ပြိုပွဲမှာ လေးပွဲကစားပြီး သုံးဂိုးသွင်းထားပါတယ်။

play

 

အဲဗာတန်ကွင်းဖြစ်လို့ မန်စီးတီးနိုင်ဖို့တော့ မသေချာပါဘူး။ ဒါပေမယ့် ခြေစွမ်းပြန်ငြိမ်နေတဲ့ မန်စီးတီး မရှုံးလောက်ဘူးလို့ ယူဆရပါတယ်။ ဒီတစ်ခေါက် ပထမအကျော့မှာတော့ သရေနဲ့သာ ပြီးဆုံးသွားဖို့ များပါတယ်။

Source & Photos : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ