Sports: ချေပဂိုး ပေးလိုက်ရသည့်အတွက် မန်ယူခံစစ်ကို ရွန်နေးဝေဖန်

နောက်ဆုံး မိနစ်မှာ ပေးလိုက်ရတဲ့ချေပဂိုးမှာ မန်ယူကစားတဲ့ ပုံစံက ရူးကြောင်ကြောင် နိုင်လွန်း တယ်လို့ ရွန်နေးက ပြောပါတယ်။

play

 

နယူးကာဆယ်ကို နောက်ဆုံးမိနစ်မှာ ချေပဂိုးခွင့်ပြုလိုက်ရပြီးတဲ့နောက် အသင်းခေါင်းဆောင်ရွန်နေးက မန်ယူခံစစ် ကစားသမားတွေကို ဝေဖန်လိုက်ပါတယ်။ မန်ယူက ၃-၂ ဂိုးနဲ့ ဦးဆောင်နေခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ချေပဂိုးကြောင့် တစ်ဖက် သုံးဂိုးစီ သရေရလဒ်ထွက်ခဲ့ပြီး နိုင်ပွဲပျောက်ခဲ့ပြန်ပါတယ်။

play

 

ပွဲစပြီး ၉ မိနစ်အကြာမှာတင် မန်ယူပင်နယ်တီရပြီး အသင်းခေါင်းဆောင်ရွန်နေးက အဖွင့်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၃၈ မိနစ်မှာတစ်ခါ လင်ဂတ်က က ဒုတိယဦးဆောင်ဂိုးသွင်းလိုက်တဲ့အတွက် မန်ယူ နှစ်ဂိုးပြတ်ဦးဆောင် ခဲ့တာပါ။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီး ၄၂ မိနစ်မှာ ဝီနယ်လ်ဒန်က နယူးကာဆယ်အတွက် ပထမဆုံးဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်း ၆၈ မိနစ်မှာ နယူးကာဆယ် ပင်နယ်တီထပ်ရပြန်ပါတယ်။

play

 

နောက်ထပ် ၇၉ မိနစ်မှာ ရွန်နေးက အသင်းအတွက် နောက်ထပ် ဦးဆောင်ဂိုး ထပ်သွင်းလိုက်လို့ နယူးကာဆယ်အသင်း ရှုံးတော့မလို ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မိနစ်ကိုးဆယ်အရောက်မှာ အိမ်ရှင် နယူးကာဆယ်အတွက် ချေပရဂိုးကို ဒန်းမတ်က သွင်းသွားပါတယ်။

play

 

နောက်ဆုံး မိနစ်အရောက် ပေးလိုက်ရတဲ့ချေပဂိုးမှာ မန်ယူကစားသမားတွေရဲ့ ပုံစံက ရူးကြောင်ကြောင် နိုင်လွန်းတယ်လို့ ရွန်နေးက ပြောပါတယ်။ အဲဒီပေါ့ဆမှုပဲ အသင်းကို နှစ်မှတ် ဆုံးရှုံးစေခဲ့တယ်လို့ ထပ်ပြောခဲ့ပါတယ်။

Source : Goal

Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ