Sports: ကာဇက်စတန်ဘောလုံးအသင်းနည်းပြကို ပရိသတ်တွေ မဲပေးရွေးချယ်

လက်ရွေးစင်အသင်း အောင်မြင်မှုနဲ့ ကင်းကွာနေတာ ကြာပြီဖြစ်လို့ ကာဇက်စတန်ဘောလုံးအဖွဲ့ချုပ်က ပရိသတ်တွေကို နည်းပြရွေးခိုင်းလိုက်ပါတယ်။

play

 

အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ ကာဇက်စတန်လက်ရွေးစင် ဘောလုံးအသင်းအတွက် နည်းပြသစ်ခန့်အပ်ဖို့ ထူးခြားတဲ့ အစီအစဉ်တစ်ခုကို ကာဇက်စတန်ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ နည်းပြသစ်ကို အဖွဲ့ချုပ်ကိုယ်တိုင်မရွေးချယ်တော့ပဲ ပရိသတ်တွေကို မဲစနစ်နဲ့ ရွေးခိုင်းလိုက်တာပါ။

ကာဇက်စတန်အသင်းက ၁၉၉၂ နောက်ပိုင်းကတည်းက နိုင်ငံတကာအဆင့် အဓိကခြေစစ်ပွဲတွေမှာ အောင်မြင်မှု မရဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။ အွန်လိုင်းကတစ်ဆင့် ပရိသတ်တွေရဲ့ ရွေးချယ်မှုနဲ့ နည်းပြကို ခန့်အပ်သွားမှာပါ။ ပထမအဆင့်အနေနဲ့ ပြည်တွင်းနိုင်ငံသားနည်းပြကို ခန့်အပ်ရမလား၊ ပြည်ပနိုင်ငံခြားသား နည်းပြကို ခန့်အပ်ရမလား ဆိုတာ အရင်မဲပေးရွေးချယ်ခိုင်းပါတယ်။

play

 

ပထအဆင့် မဲပေးရွေးချယ်မှုမှာ ပြည်ပနိုင်ငံခြားသားနည်းပြကိုသာ ခန့်အပ်ဖို့ မဲပေးမှုများခဲ့ပါတယ်။ ပြည်ပနိုင်ငံခြားသား နည်းပြကို ရွေးချယ်ကြတဲ့နေရာမှာ ဖြစ်နိုင်ချေရှိပြီး သင့်တော်တဲ့သူကိုသာ မဲပေးဖို့ ကာဇက်စတန်ဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။ ဥပမာအားဖြင့် မော်ရင်ဟိုလို နည်းပြမျိုးကိုတော့ မဲပေးလို့ မရကြောင်း ထောက်ပြထားပါတယ်။ ဒါပေမဲ့ မဲပေးရွေးချယ်မှုကို အနည်းဆုံး ပရိသတ် ငါးသောင်းလောက် ပြုလုပ်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Source : ESPN

Photos : football-uniform

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ